<5>

2.4K 151 1
                                    

Novotel Hotel ခန်းမထဲတွင်ထိုင်နေကြသောသူငယ်ချင်း၊မိတ်ဆွေ၊ဆွေမျိုးများအားလုံးစုရုံးစုရုံးဖြစ်ကုန်ကြသည်။

ပွဲစနေချိန်တွင်သတို့သမီးကရောက်မလာသောကြောင့်မိန်းမတွေ၏ထုံးစံအတိုင်းတီးတိုးပြောကာဟိုကြည့်သည်ကြည့်လုပ်နေကြသည်။

တချို့ဝိုင်းမှလူတွေလည်းထပြန်ကြကာတချို့မှာလည်းမတ်တပ်ထရပ်၍အခြေအနေကိုအကဲခတ်ကြည့်နေကြသည်။

ထိုအချိန်ဦးဇေယျာကိုကိုမှာဒေါသပန်းထ၍ဒါ်ခင်မိမိလည်းဦးနှောက်တွေခြောက်ကာရှုဆေးတောင်ရှုရသည့်အဆင့်ဖြစ်နေချိန်ပြာယာခတ်ကာညီမဖြစ်သူကိုလိုက်ရှာနေရသောဇေယျာဟိန်းထက်မှာအကြံတစ်ခုရသွားသည်။

မြတ်နိုးကိုကိုငယ်စဉ်ကတည်းကမိဘများဆူလျင်သူ့ကျောင်းမှဆရာမများဆီသွား၍တိုင်ကြားလေ့ရှိပြီးဆရာမအခန်းထဲတွင်သာပုန်းနေတတ်သည်ကိုအစစအရာရာထိန်းကျောင်းခဲ့ရသူဇေယျာဟိန်းထက်သတိရလိုက်မိသည်။

*flashback starts*

မြတ်နိုးကိုကို ရ တန်းတုန်းကဖြစ်သည်။

"မြတ်နိုး..မေမေတို့စကားနားထောင်လေ..ကျူရှင်သွားစရာရှိတာသွားရမှာပေါ့.."

"မသွားချင်ဘူးဗျာ.."

အိမ်တွင်အငယ်ဆုံးနှင့်အဆိုးဆုံးဖြစ်သူမြတ်နိုးကိုကိုမှာအလိုလိုက်လွန်းသောအစ်ကိုအပေါ်ဆိုးသွမ်း၍ရသမျှဆက်ဆိုးနေတော့သည်။

ကျူရှင်မသွားချင်ပဲအိမ်မှာတစ်ယောက်တည်းသင်ချင်သူမြတ်န်ိုးကိုကိုအားအမေဖြစ်သူကကျူရှင်လခပေး၍အပ်ပြီးချိန်တွင်ငြင်းဆန်ကာအိမ်တွင်ပေကပ်၍သာထိုင်နေသည်။

ပြောမရတော့တဲ့အဆုံးအလုပ်သွားနေသူမိခင်အားဖုန်းဆက်၍လှမ်းတိုင်မည်ဟုဇေယျာဟိန်းထက်ဧည့်ခန်းထဲသို့ဝင်သွားချိန်တွင်မြတ်န်ိုးကိုကိုအိပ်ခန်းထဲမှထွက်လာကာသူတက်သောကျောင်းဖြစ်သည့် TTC ကျောင်းထဲသို့ခိုး၍ပြေးထွက်လာခဲ့သည်။

အဲ့ဒီတုန်းကမြတ်နိုးကိုကိုတို့မိသားစုမှာစီးပွားရေးအဲ့လောက်မချမ်းသာသေးသည့်အချိန်ဖြစ်သောကြောင့်ယခုနေထိုင်သောဘောက်ထော်ဘက်တွင်မဟုတ်ပဲကမာရွတ်မြို့နယ်တွင်သာနေထိုင်ကြခြင်းဖြစ်သည်။

Past and Future Where stories live. Discover now