<8>

2K 136 1
                                    

*flashback starts*

၂၀၁၃ ခုနှစ် ဗိုလ်တထောင်မြို့နယ်တွင်ရှိ သော National Management Degree College တွင်မင်းခန့်မောင် 1st year စတက်ခြင်းနှစ်ဖြစ်သည်။

Tourism ကို major ယူကာပထမဆုံးကောလိပ်ကျောင်းသားဖြစ်လာခဲ့သည်။

ပထမနှစ်ကျောင်းသားမို့ကျောင်းတက်ခါစတွင်အပေါင်းအသင်းနည်းခဲ့သော်လည်းဆက်ဆံရေးကောင်းသောသူ့အဖို့သူငယ်ချင်းများလာခဲ့သည်။

သူငယ်ချင်းများလာသည်နှင့်တကွမိန်းကလေးသူငယ်ချင်းများလည်းအနည်းငယ်ရှိစပျိုးလာသည်။

မင်းခန့်မောင်ဟာစိတ်ထားကောင်းပြီးဆက်ဆံရေးပြေပြစ်သူဖြစ်တာကြောင့်အပေါင်းအသင်းများသည့်အပြင် Fresher Welcome နေ့ရောက်သောအခါတွင်လည်းသီချင်းဆိုရန်တောင်းဆိုခြင်းခံထားရသည်။

ထို့ကြောင့် Fresher Welcome နေ့ရောက်သောအခါတွင်မူမင်းခန့်မောင်ပထမဆုံးစင်ပေါ်တက်ခဲ့ဖူးသည်။

ပထမနှစ်ကျောင်းသားမို့စိတ်လှုပ်ရှားမှုနှင့်အတူပျော်ရွှင်မှုလည်းရောထွေးနေသည်။

လှုပ်ရှားနေတဲ့စိတ်အစုံကိုထပ်မံလှုပ်ရှားစေအောင်လှုပ်ကိုင်လိုက်နိုင်သူကတော့"မိုးမခ"ဆိုသောကောင်မလေးပင်။

သီချင်းဆိုနေသောမင်းခန့်မောင်၏သူငယ်ချင်းများသည်စင်အောက်တွင်မိုးမခအားပန်းတက်ပေးရန်မြှောက်ထိုးပင့်ကော်လုပ်နေသည်။

တိုက်တွန်းမှုအားကကောင်းတော့နောက်ဆုံးမိုးမခလည်းစင်ပေါ်တက်၍နှင်းဆီပန်းတစ်ပွင့်အားမင်းခန့်မောင်အားပေးခဲ့သည်။

မင်းခန့်မောင်၏စိတ်နှလုံးအစုံကိုစက္ကန့်ပိုင်းလေးအတွင်းပင်လှုပ်ကိုင်လိုက်နိုင်သူထိုကောင်မလေးအားပွဲပြီးတဲ့အထိသူရှာနေခဲ့သည်။

သို့သော်မတွေ့ခဲ့ပဲ King,queen ရွေးသောအခါတွင်မှသာမိုးမခသည် Princesses ဆု သရဖူကိုဆွတ်ခူးရရှိခဲ့သည်ကိုသူတွေ့ခဲ့သည်။

မင်းခန့်မောင်ပြုံးကာကြည့်နေသည်ကိုသူငယ်ချင်းများသတိထားမိ၍စနောက်ကြလေတော့သည်။

သူသီချင်းဆိုခဲ့စဉ်ကလည်းမိုးမခသည်စင်အောက်တွင်ပြုံး၍ကြည့်နေသောကြောင့်မင်းခန့်မောင်၏မိန်းကလေး၊ယောကျင်္ားလေးသူငယ်ချင်းတချို့တိုက်တွန်းကာရေလာမြောင်းပေးလုပ်ခဲ့ခြင်းဖြစ်သည်။

Past and Future Where stories live. Discover now