<25>

1.2K 69 11
                                    

လူစည်ကားစွာသွားလာနေသော ရုပ်ရှင်ရုံနားတွင် မြတ်နိုးကိုကိုနှင့် သွန်းခတ်နွယ်တို့ရှိနေကြသည်။

ဒီနေ့ Date လုပ်ဖို့ချိန်းထားသောကြောင့် ရုပ်ရှင်ရုံထဲ ဝင်ရန်ပြင်နေကြခြင်းဖြစ်သည်။

မုန့်ဆိုင်တွင် ပေါက်ပေါက်နှင့်အအေးများဝယ်ပြီး ရုံထဲ ဝင်သွားကြသည်။

မုန့်တစ်ချို့ကိုုင်ထားသော သွန်းခတ်နွယ်မှာ ဂါဝန် အညိုရောင်လေးကို ဝတ်ဆင်ထားပြီး ဆံပင်လေးကို တစ်ဝက်စည်းထားသည်။

မြတ်နိုးကိုက်ိုမှာတော့ ပေါက်ပေါက်ထုပ်နှင့်အအေးများကို ကိုင်ထားပြီး ဂျင်းဘောင်းဘီကို စပို့ရှပ်အဖြူရောင် အပွနှင့်ဝတ်ဆင်ထားသည်။

ရုံထဲဝင်သွားပြီး ခုံနံပါတ်အလိုက်နေရာတွင် ထိုင်လိုက်သော သူတို့နှစ်ယောက်မှာ လိုက်ဖက်လွန်းလှသည်။

တကယ့်အတွဲတွေလို လိုက်ဖက်နေသော နှစ်ယောက်သား မပြုံးမရယ်ဖြစ်ကြပဲ ရုပ်ရှင်စလာတာကို ထိုင်ကြည့်နေကြသည်။

"စားလေ..."

ပေါက်ပေါက်က်ိုဖောက်ကာ ကမ်းပေးလိုက်သော မြတ်နိုးကိုကို ကို သွန်းကြည့်နေသည်။

နှစ်ယောက်ကြားပထမဆုံးစပြောသော စကားပင်ဖြစ်သည်။

ပေါက်ပေါက်တစ်ဖတ်က်ိုယူကာ စားလိုက်သော သွန်းခတ်နွယ်နှုတ်ခမ်းများကို မြတ်နိုးကိုကို ကြည့်နေမိသည်။

သွန်း လှည့်ပြီး ဘာလဲဆိုသော အကြည့်ဖြင့် ကြည့်လိုက်တော့ ခေါင်းခါပြကာ ပေါက်ပေါက်တစ်ဖတ်က်ို ယူစားလိုက်သည်။

ရုပ်ရှင်ပြနေစဉ် မုန့်စားလိုက်၊အအေးသောက်လိုက်နှင့်ပင် ရုပ်ရှင်ပြီးခါနီးရောက်လာကြသည်။

ဟာသကားမို့အားလုံးရယ်မောနေကြပြီး သွန်းလည်း ရယ်နေသည်။

အပြစ်ကင်းစွာ ရယ်နေသောသွန်းကို မြတ်နိုးကိုကို မျက်တောင်မခတ်ကြည့်နေမိသည်။

ရယ်မောနေသော သွန်းရဲ့နှုတ်ခမ်းဖူးဖူးများကိုကြည့်ကာ တံတွေးတစ်ချက်မျိုချလိုက်ရသည်။

Past and Future Where stories live. Discover now