part-69

4.4K 609 21
                                    

×××

"ကိုယ်တော်ကြီး လူများတဲ့နေရာကိုသွားတာ YanLanအတွက် အဆင်ပြေပါ့မလား"

"ဘာမှမဖြစ်ပါဘူး~~"
"YanLanက သွားချင်တယ်ဆိုရင် ကိုယ်တော်က ရင်ခွင်ကြီးမှာထည့်ပြီး ရောက်အောင် လိုက်ပို့ပေးရမှာပေါ့"

"ဟိ ဟိ ဟိ~~"

YanLan ဟာ အနားသို့ရောက်လာသော WuXing၏ ရင်ဘက်အား လက်သီးဆုပ်လေးဖြင့် တစ်ချက်ထု၍ မခို့တရို့လေး ရယ်သည်

YuTaoဟာ ဘဏ်၌ ငွေလဲလှယ်ပြီး အချိန်မှီ အဆောင်တော်သို့ ပြန်ပြေးလာ၏

WuXing နှင့် YanLan မိဖုရားလေး မီးပန်းဖောက်ပွဲကြည့်ရှုမည် ဖြစ်သည့်အတွက် မိမိဟာ အနားမှအနီးကပ် စောင့်ရှောက်ရမည့် တာဝန်ရှိသည်

သို့သော် Kaminaကိုလည်း အတူခေါ်ပြီး အပြင်မှာ လျှောက်ပတ်ချင်သေး၏

ပိုက်ဆံမပါဘဲ ခေါ်လာရင် ထိုကောင်လေးက မိမိအား လူကြားထဲ ဂျီတိုက်မှာသေချာ၏

ရည်းစားတစ်ခါမှ မထားဖူးသော YuTaoဟာ ကြည်နူးစွာပင် လုံလုံလောက်လောက် ငွေနဲ့ ရွှေတို့ လဲလှယ်ပြီးနောက် စံအိမ်သို့ အမြန်ပြန်လာသည့်အချိန် ရုတ်တရက် ရတနာဆိုင်ရှေ့ဖြတ်လျှောက်မိသည်

ငွေမြင်လျှင် ဖျက်ဖျက်လူးနေသော ထိုသကောင်းသားလေးကို သတိရမိပြန်၏

"အရမ်းပျော်သွားအောင် တစ်ခုလောက် ဝယ်ပေးလိုက်ရင် ကောင်းမလား"

YuTaoဟာ ဆိုင်ထဲသို့ ဝင်သွား၏

×××××

ပြန်ရောက်သည်နှင့် အပြင်ထွက်ရန် စောင့်ဆိုင်းနေသော ကိုယ်ရံတော်များနှင့် ကိုယ်တော်ကြီး WuXingကို တွေ့ရသည်

ကိုယ်တော်ကြီးဟာ မိမိအား စောင့်ဆိုင်းနေသည့်ပုံပင်

YuTao အရိုအသေပေးလိုက်၏

"အရှင်မင်းကြီး ကျွန်တော်မျိုးရောက်ပါပြီ"

WuXingဟာ YanLanအား လက်ချိတ်ပြီး YuTaoကို လှည့်ကြည့်သည်

"မင်းရောက်ပြီလား~"

"ဟုတ်ကဲ့ အရှင်မင်းကြီး"

"မင်းကို ငါ လိင်လုပ်သား ဝယ်ပေးမလို့ စောင့်နေတာ... မင်း လက်သန်းက လက်စွပ်ပိစိလေး ငါအရင်က မတွေ့မိပါဘူး

Love Story From Defulo (S2), YenYen isn't YenYenWhere stories live. Discover now