part-44

6.1K 706 7
                                    

ညနေစောင်းသောအခါ မှိုင်ရီညို့လာသည်

နေဝင်သည်နှင့် ကောင်းကင်သည် မှောင်လာသည်

လေသံ မိုးသံတို့ စတင်တော့မည် ထင်သည်

မကြာခင် မိုးစက်တို့ ရွာ၏

XiaYuဟာ တံစက်မြိတ်၌ ငုတ်တုတ်လေး ထိုင်ပြီး အံ့သြစွာ ကြည့်သည်

ခေါင်မိုးမှ ကျဆင်းလာသော ရေစက်လေးများအား လက်ဖြင့်ခံယူကြည့်သည်

"အေးလိုက်တာ~~"

XiaYuဟာ ရေအား လက်နှစ်ဖက်ဖြင့်စုခံကာ XiuYuအား ပြ၏

"အစ်ကိုတော် ကိုင်ကြည့်~~"
"Consai က နတ်ရေလိုပဲ အရောင်ပြောင်းနေတယ်"

XiuYuဟာ လှည့်ကြည့်သည်

Consai၌ ရှိသော နတ်ရေစဉ်များဟာ စိတ်ခံစားချက်အလိုက် အရောင်ပြောင်းတတ်သည်ဟု သိသော်လည်း ဒီမှာကတော့ မိုးရေသည်ပင် အရောင်ပြောင်းသည်လား

XiaYuလက်တွင်းရှိရေစက်များဟာ အနည်းငယ်ပြာသည်

ရေကြည်ပြာလေးကဲ့သို့ လဲ့လဲ့လေးဖြစ်၏

ခဏကြာသော် အရောင်မရှိတော့ပေ---

"on--!"
"အရောင်ပျောက်သွားပြီ"

XiaYuဟာ ထပ်မံပြီး လက်ခုပ်ဖြင့်ခံသည်

"ခဏပဲ အရောင်ခံတာ ထင်တယ်"

XiuYiဟာ ရေကို ဆော့နေသော XiuYiအား ကြည့်ရင်း ပြုံး၏

XiaYuဟာ ရုတ်တရက် XiuYi၏ ရင်ခွင်အားမှီလိုက်၏

"XiaXia ချမ်းတယ်~~"

XiuYiဟာ XiaYuအား ရင်ခွင်ထဲဖက်ကာ ကျောလေးအား ပုတ်လိုက်၏

"ချမ်းရင် အထဲဝင်ရအောင်~~"
"အစ်ကိုတော်လည်း ချမ်းတယ်~~"

"Inm~~"

"မိုးတိတ်ရင် တို့တွေ ဟိုကြင်ယာတော် မလာခင် နန်းပြင်ထွက်ကြရအောင်~"

"omm"

×××××

WuXing အဆောင်တွင်း ဟိုကြည့်ဒီကြည့်လုပ်နေ၏

ခန်းနားလှသော ဧည့်နန်းဆောင်ကြီး၌ တန်ဖိုးကြီး ပိုးဖဲလိုက်ကာစများနှင့် အလွန်တောက်ပသော အဆင်တန်ဆာတို့ကို ဆင်ထားသည်

Love Story From Defulo (S2), YenYen isn't YenYenWhere stories live. Discover now