part-10

9.6K 1K 7
                                    

ဆိတ်ငြိမ်သော အနီရောင် ပတ္တမြား နတ်ဆောင်--

ဖယောင်းမီရောင် ဖျဖျအောက်၌ ခန်းနားသော ပြင်ဆင်မှုများနှင့် နတ်မိမယ် LonYi ၏ နတ်ဗိမာန်ဆောင်ကြီးရှိ--

နန်တွင်း နတ်ကွန်း၌ နတ်မိမာန် LonYi ၏ နတ်သူငယ်ငယ်များအား ညွှန်ကြားမှု သင်ပြမှု အသံဟာ ပျံလွင့်လွင့်လာသည်

LonYi ဟာ နတ်နန်းသခင် Oi ၏ ညီမတော်ဖြစ်သည်

Consai နတ်အား ဆက်သွယ်နိုင်သော လောကမြေပြင်ရှိ နတ်မျိုးနွယ်၏ နောက်ဆုံး မျိုးဆက်ဖြစ်သည်

ထိုသူတို့ဟာ လူတို့နှင့် အတူနေရပြီး လူသားများကဲ့သို့ပင် ဖျားနာကာ လောကမြေပြင်၌ တာဝန်ကျသော နတ်နွယ်လေး ဖြစ်သည်

တန်ခိုးအာဏာ မရှိသော လူသားစပ် မျိုးနွယ်ဖြစ်ပြီး ထိုသူများသည် Consai နတ်ထံသို့ စိတ်နှလုံးတွင် ဆုတောင်းဝတ်ပြု၍ အကြောင်းအရာ ကိစ္စများကို တင်ပြနိုင်သည်ဟု ဆိုသောကြောင့် နတ်မျိုးနွယ်ဟု တင်စားသည်

"သားဆု သမီးဆိုတာ မတောင်းကောင်းဘူး"

"တောင်းဆိုမယ့် သူကို ဆုတောင်းမှုမပြုခင် သေချာရှင်းပြရမယ်"

နတ်သူငယ်လေးများဟာ မိမိတို့၏ လုပ်ငန်းစဉ်လေးများကို မင်စုတ်တံဖြင့် အဖြူရောင် စက္ကူပေါ်တွင် ရေးခြယ်ကြသည်

"ကံကြမ္မာကို ပြုပြင်ဖို့ Consai နတ်ဆီမှာ ဆုတောင်းလို့မရတဲ့အတွက် သားဆုတောင်းလို့ စီမံပြီးသား မိန်းကလေး ကံကြမ္မာဖြစ်နေရင် သားအဖြစ်မွေးဖွားလာပြီး ကြီးပြင်းလာတဲ့အခါ ဒုက္ခရောက်တတ်တယ်"

"အဲ့ဒီလိုပဲ ယောက်ျားလေး ကံကြမ္မာနဲ့ မိန်းကလေးဆိုတာလည်း မမွေးဖွားလာသင့်ဘူး"

"ကံတရားက ဆုတောင်းမှုတွေကြောင့် မှားယွင်းခဲ့ရင် Consai နတ်ရေကြည်က ထိုသူကို အကျိုးသက်ရောက်မှု မပြဘူး"

ထို့နောက် နတ်သူငယ်တစ်ယောက်က လက်ကလေးထောင်ပြီး မေးသည်

"အဲ့ဒါဆို သူ့ရဲ့ စိတ်ခံစားချက်ကို နတ်ရေနဲ့ ဆုံးဖြတ်လို့ မရဘူးပေါ့"
"အဲ့ဒါဆို ဘယ်လို အဆုံးအဖြတ်ကို လုပ်ပေးရပါမလဲ"

Love Story From Defulo (S2), YenYen isn't YenYenWhere stories live. Discover now