part-64

4.9K 588 8
                                    

မနက်မိုးလင်းသော အချိန်~

Aita နိုးထလာသောအခါ နွေဦး ချယ်ရီပန်းလေးများ ပြတင်းပေါက်ဆီမှ လွင့်ဝဲနေ၏

အဖျားဒဏ်ကြောင့် Aita၏ ခန္ဓာကိုယ်ဟာ တစ်ဆစ်ဆစ်ကိုက်ခဲနေသည်

Bakuအား အနား၌ ထိုင်နေသည်အား တွေ့လိုက်ရသည်

Aita အိပ်ယာမှ ထထိုင်လိုက်သည်

"Papa Aita~~ သက်သာရဲ့လား~~"

Aitaဟာ Baku၏ အမေးအား လေးပင်စွာ ပြန်ဖြေသည်

"inm~~"

Bakuရင်ခွင်ထဲမှ ချိုလိမ်လေးနှင့် Bambiအား တွေ့သောအခါ Aitaဟာ ပြုံးပြသည်

"--- Papa--!!"

မနက်ခင်း၏ နေရောင်ခြည်လေး Byun Bambiဟာ စောစီးစွာ နိုးထနေပါလား

Aitaဟာ ကလေးကို ချီရန် ပြုပီးကာမှ လက်ပြန်တွန့်သွားသည်

"ကလေးကို ဘာလို့အခန်းထဲ ခေါ်လာတာလဲ~ အဖျားပိုးတွေ ကူးကုန်မှာပေါ့~ ကလေးကို အပြင်ပြန်ခေါ်သွား~"

"ဟုတ်ကဲ့~~"

အလွန်တစ်ရာ နူးညံ့သော ခန္ဓာကိုယ်နှင့် ချူချာလွယ်သော အသားသန္ဓေမြေးငယ်လေး သူ့ကြောင့် ပြန်ဖျားမှာ စိုးရိမ်၏

ထို့နောက် Bakuဟာ ကလေးပြန်ချီပြီး ထွက်သွား၏

ထို့နောက်~~

Aitaမျက်နှာသစ်ရန် အနွေးရည်နှင့် ရေအေးထည့်ထားသော ရွှေဖလားအား သယ်ထားသော တော်ဝင်အစေခံလေးများဟာ ရိုသေစွာ အခန်းထဲဝင်လာပြီး ကုတင်ခြေရင်း၌ တန်းစီ၍ ထိုင်နေ၏

ရေအေးခွက်ကိုင်ဆောင်ထားသော အစေခံယောက်ျားပျိုနှင့် တံပတ်ဖြူကိုင်ထားသော အစေခံယောက်ျားပျို နှစ်ဦး ရှေ့တိုးလာ၏

ထိုသူတို့ထံမှ Naniက တံပတ်ဖြူအားယူကာ ရေအေး စွတ်သည်

ရေစက်တို့အား အောက်သို့ ရေစက်မကျစေရန် ညှစ်ပြီး သတိထားပြီးပြုလုပ်ကာ Aitaလက်တွင်းသို့ Naniဟာ ရိုသေစွာ ပေးအပ်၏

Aitaဟာ မျက်နှာပေါ်အား ရေအေးစွတ်ထားသည့် တံပတ်ဖြင့် သုတ်လိုက်သည်

ထို့နောက် Aita၏ မျက်နှာပေါ်ရှိ အဆီနှင့် အညစ်အကြေးတို့အား ပြောင်စင်စေရန် သံပုရာရည်အား ဝါဂွမ်းဖြင့်စွတ်ပြီး မျက်နှာအနှံ့အား Naniဟာ ရိုသေစွာတို့ထိပေး၏

Love Story From Defulo (S2), YenYen isn't YenYenWhere stories live. Discover now