part-38

6.2K 798 33
                                    

ထို့နောက် ChiZuဟာ သူတို့အား လှည့်ကြည့်ရင်း မီးလှုံရန်ခေါ်သည်

ChiZuဟာ ဝါးခွက်ကလေးများနှင့် ရေနွေးတိုက်ကာ ခရီးဆက်လာကြ၏

မမြင်မကန်းနှင့် အကုန်လုံးဟာ ChiZuအနောက်လိုက်လာကြသည်

လမ်းလျှောက်ရင်း ပူသလို အေးသလို လေဟာနယ်လို ဟာတာတာကြီး ဖြစ်နေကြ၏

XiaYuဟာ မှောင်မဲနေသော ထိုနေရာကို ကြောက်၍ XiuYiအား ဖက်ထား၏

"ကိုကြီး~~"
"ဘာလို့ ဒီနေရာကြီး အဲ့လောက်မှောင်ပြီး တိတ်ဆိတ်နေတာလဲ~~"

XiaYuဟာ အမှောင်ကြောက်တတ်သည်

XiuYiဟာ XiaYu၏ လက်အား ကျစ်နေအောင် ဆုပ်ကိုင်ထား၏

"ဘာမှမဖြစ်ဘူး~~~"
"မကြောက်နဲ့~~"
"အစ်ကိုတော့် လက်ကို ကိုင်ထား!!"

YuTaoဟာ မီးတုတ်လေး ကိုင်ပေးထားသည်

ChiZiဟာ အနုမြူလို လင်းနေသော မြေပုံစာရွက်ကို ကြည့်ရင်း အေးအေးလူလူ ရှေ့ဆက်နေ၏

များမကြာမီ ပူသလိုဖြစ်လာ၍ အားလုံး ထူပွသော အကျီများကို ချွတ်လိုက်ကြသည်

"သိပ်မအေးတော့ဘူးနော်~~~"

"ရာသီဥတုက အေးမြမြနဲ့~~"

ChiZuဟာ အဝေးသို့ လှမ်းကြည့်ရင်း ပြုံးလိုက်သည်

"arr~~ ရောက်ပြီပဲ~~"

မြေပုံအား လိပ်ပြီး ကျောဘက်ရှိ ဘူးထဲသို့ထည့်လွယ်ကာ ကောင်းကင်မှ လ အားကြည့်၏

YanLanဟာ ထို လ အားမြင်သော မျက်လုံးလေး လင်းလက်သွားသည်

"DeFuloမှာ အခုလ ထွက်တာလား~~"

"inm~~"
"လထွက်ချိန်မို့ ရာသီဥတာက မပူမအေးဖြစ်နေတာ"

WuXingဟာ XiuYiအား ခပ်တိုးတိုးပြောပြ၏

"Defuloက ရာသီဥတု တစ်ရက်တည်းမှာ သုံးမျိုးရှိတယ်လေ~~"
"အခုအချိန်က အကောင်းဆုံးပဲ"
"နေ့တစ်နေ့ရဲ့ နောက်ဆုံး ညပိုင်းအချိန်"

"တစ်ရက်တည်းမှာ ဥတုက သုံးမျိုးတောင်လား~"

"onm~~"
"မနက်ပိုင်း နေထွက်ရင် နွေးတယ်"
"ပြီးရင် နေ့ခင်းပိုင်း တစ်ဖြည်းဖြည်းအေးလာပြီး ဆောင်းဦးနဲ့ ဆောင်းရာသီလိုမျိုး ဖြစ်လာတယ်"
"တစ်ခါတစ်လေ နှင်းစက်လေးတွေ ကျတယ်"
"နေဝင်ပြီးတာနဲ့ Defuloမှာ လ က တန်းမထွက်လာဘူး"
"နေဝင်ချိန်နဲ့ လထွက်ချိန်ကြားမှာ အအေးများလာပြီး ရေခဲရေလို အေးစက်နေတဲ့ မိုးတွေရွာတယ်"
"မိုးတိတ်ရင် လထွက်လာပြီး မနက်ခင်း နေမထွက်ခင်အထိ ကောင်းကင်ဘုံလိုပဲ~~~အပျော်အပါးတွေနဲ့ အသက်ဝင်နေတယ်"

Love Story From Defulo (S2), YenYen isn't YenYenWhere stories live. Discover now