part-54

5.8K 759 28
                                    

နေ့ခင်းမရောက်ခင် စပ်ကြားအချိန်တစ်ခု၌ အနီရောင်မြို့တော်ကြီး၏ လမ်းမပေါ်တွင် လူများ ညီညာစွာ စီတန်းနေကြသည်

မြို့တော်ကြီးဟာ သန့်စင် သပ်ရပ်စွာ ငြိမ်သက်နေကြပါ၏

Makuအိမ်ရှိ လိင်လုပ်သားများဟာ ခန္ဓာကိုယ်ကို နွားနို့ဖြင့် ရေချိုးသန့်စင်ကာ လှပသော ပိုးထည်များအား ဝတ်ဆင်နေကြသည်

ရတနာ စိန် ကျောက်နှင့် တစ်သက်တာ စုဆောင်းခဲ့သည့် ပစ္စည်းလေးများကို ဝတ်ဆင်ကာ ဆံပင်တို့ သပ်ရပ်စွာ ထုံးဖွဲ့ကြသည်

ထူးထူးခြားခြား လှပအောင် ပြင်ဆင်ပြီး အပြင်ထွက်လာသော Kaminaအား မြင်လိုက်၏

"Kamina~ ဒီနေ့ ဘာပွဲတော်ရှိလို့လဲ"

"ဒီနေ့ နန်းတော်က ဖခင်ကြင်ယာတော်ကြီး မြို့တော်ကို လှည့်လည် လာမှာလေ လူကြီးမင်း... သူ့ကို ကြိုဆိုရမယ်လေ... "

"မြေးတော်လေးကို လာကြည့်တာမို့ Maku အိမ်တော်မှာ ခပ်ကြာကြာနေမှာ... အဲ့အချိန်အတွင်း Kaminaတို့ကို Makuက အနားပေးထားတယ်"

"ကြင်ယာတော်ကြီးက Makuစံအိမ်ကြီးမှာ အနားယူမှာမို့ Maku စံအိမ်ကို ဗဟိုပြုပြီး အရှေ့စံအိမ်ခုနှစ်လုံး အနောက်စံအိမ်ခုနှစ်လုံး တောင်ဘက်ကစံအိမ်ခုနှစ်လုံး မြောက်ဘက်ကစံအိမ်ခုနှစ် အရှေ့တောင် အရှေ့မြောက် အနောက်တောင် အနောက်မြောက် အရပ်ရှစ်မျက်နှာက ခုနှစ်လုံးသော လိင်စံအိမ်တွေ ဟာအကုန် လုပ်ငန်းရပ်တန့်ထားရတယ်"

"စံအိမ်တွေမှာရှိတဲ့ လုပ်သားတွေ အကုန်လုံးဟာလည်း ကြင်ယာကြီးမလာခင် နို့ရည်နဲ့ ရေချိုးပြီး သန့်စင်ဆေးကြောထားရတယ်"

"ပြီးတော့ ညကျရင် အဲ့ဒီနေရာတွေမှာ စစ်သည်သူရဲကောင်းတွေ တပ်စွဲပြီး စောင့်ကြမှာမို့ အရင်လို ဆူနေမှာလည်း မဟုတ်လောက်တော့ဘူး... "

Kamina ကြင်ယာကြီးလာမယ်ဆို၍ ဝမ်းသာအားရ ခုန်ပေါက်ကာ ပြေးထွက်သွားသည်

YuTao တွေးလိုက်မိ၏

ဟို ခပ်ဆိုးဆိုး ကြင်ယာတော်ကြီးလား??

Kaminaကို ကြည့်ရတာတော့ ပျော်နေပုံပင်

YuTao မေးကြည့်သောအခါ ယနေ့ အနီရောင်မြို့တော်သို့ ကြင်ယာတော်ကြီး ကြွလာမည်တဲ့

Love Story From Defulo (S2), YenYen isn't YenYenWhere stories live. Discover now