part-45

6.6K 742 73
                                    

အိမ်သို့ရောက်သောအခါ Ashoဟာ စမ်းရေထဲမှ လူကို ချီပိုးလာသည်ကို Mamiမြင်လိုက်ရသည်

"သခင်လေး ဘယ်ကလူကြီးလဲ~~"

"စမ်းချောင်းထဲက တွေ့တာ"
"သမားတော်ခေါ်လိုက်စမ်း"

"arr-- ဟုတ်ကဲ့"

×××××

အချိန်အနည်းငယ်ကြာသောအခါ ဆေးဆရာကြီးဟာ XiuYiအား ဆေးစည်းပေးပြီး ဆေးပေး၏

"သူ ဘယ်လိုနေသေးလဲ"

"သူက တော်တော်ကြံခိုင်တဲ့ သူပါ"
"ဘာမှတော့ မဖြစ်ပါဘူး"
"ခေါင်းနည်းနည်းထိပြီး ခြေထောက်လည်း ထိထားတယ်"

"ဟိုဘက်က တစ်ယောက်က အဖျားရှိနေတယ်"

"သူညက မိုးတိတ်ကာစ တောင်ပေါ်လမ်းကို ဖြတ်ရင်းနဲ့ မိုးရေကြောင့် တောင်လမ်းတွေပြိုတော့ ရေတံခွန်ထဲက ပြုတ်ကျလာပုံပဲ"

တောင်ပေါ်ရှိလမ်းများသည် နေပူသည့်အခါ မာသလောက် မိုးရေထိလျှင် ပျော့နေတတ်ကြသည်

အမှတ်မထင်လျှင် တောင်စပ်ရှိ ရေတံခွန်များကြား ပြုတ်ကျနိုင်သည်

"ကြည့်ရတာ "
"တစ်နယ်သား ထင်တယ်"

×××××

XiuYi အိပ်ယာနိုးလာသောအခါ အလွန်ခန်းနားသော နေရပ်တစ်ခုသို့ရောက်နေ၏

အနားတွင် လူတစ်ယောက်သည် ကလေးထိန်းနေသည်

ကလေးငယ်၏ စကားပြောနေသည်ဟု ထင်ရသော ရယ်သံလေးကိုလည်း ကြားရ၏

"r~~~

ခန္ဓာကိုယ်ဟာ သာမန်ထက်ထွားကြိုင်းသည်ဟု ထင်ရပြီး အလွန်ကြည့်ကောင်းသော မျက်နှာရှိ၏

ထိုသူ၏ ဘေးတွင် အလွန်သေးငယ်သော ကလေး တစ်ယောက်ရှိသည်

"သူနိုးလာပြီ Asho:::"

Bakuဟာ Ashoအာ းပြေးပြော၏

Ashoဟာ ကလေးတစ်ဖက်နဲ့ အနားသို့ လိုက်လာသည်

"ar~~~"

XiuYiဟာ နာကျင်ကိုက်ခဲမှုများကြောင့် ညည်းသည်

XiuYi ထထိုင်လိုက်ပြီး ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သည်

XiaYuအား အနား၌ အိပ်ပျော်နေသည်အား XiuYi တွေ့ရ၏

Love Story From Defulo (S2), YenYen isn't YenYenWhere stories live. Discover now