part-26

8.8K 1K 27
                                    

အလွန်လှ ဆောင်းရာသီ၏ မြင်ကွင်းတစ်ခုအား Consai တွင် တွေ့မြင်ရမည်ဖြစ်သည်

နှင်းတို့ ဖွေးဖွေးလှုပ်နေသော ကွင်းပြင်ကျယ်ထက်ရှိ  ချယ်ရီပင်များနှင့် ရောယှက်နေသော Consai နတ်ပန်းပင်များ

ထိုအပင်များသည် စိုက်စရာမလိုပဲ Consai နတ်သမီး၏ အစီအရင်ဖြင့် အလေ့အကျ ပေါက်စေသည်

နှင်းပန်းငယ်လေးများကဲ့သို့ လေအနှင်မှာ လွင့်ကြွေလွယ်သော အဖြူရောင် Consai ပန်းပင်များ ရှိနေသရွေ့ Consai နတ်သမီးငယ်၏ အာဏာစက်ဟာ Consai မြေပေါ်သက်ရောက်နေသည်

Consai ပန်းပင်များ ရှိသည့်နေရာမှန်သမျှ ထိုနတ်သမီးငယ်က ပိုင်ဆိုင်သည်ဟု ဆိုကြသည်

Consaiဘုရင်သည် Consaiနတ်သမီးနှင့် ချစ်မြတ်နိုးခဲ့သည်ဟူသော ပုံပြင်များစွာပင် ရှိကြ၏

ထိုကြောင့် Consaiဘုရင်ကို ကိုယ်စားပြုသော ချယ်ရီပင်များနှင့် Consaiနတ်ပန်းပင်များသည် အမြဲတမ်း ယှဉ်တွဲလျက် ပေါက်ရောက်လေ့ရှိကြသည်

WuXingသည် YanLanနှင့် မြင်းစီးရန် အထိန်းတော် အစောင့်အရှောက်များဖြင့် နှင်းလွင်ပြင်ပေါ် ရောက်လာသည်

အထိန်းတော်ကြီး Yoiက YanLanအား အဖြူရောင် သိုးမွှေးများဖြင့် ပြည့်နေသော နူးညံ့သည် ကတ္တီပါ ဝတ်စုံတော်ကို ဆင်ပေးထားသည်

အဘယ်ကြောင့်ဆိုသော် WuXingဟာ ယနေ့ အနက်ရောင် ဝတ်လာမည်ကို သိနေသောကြောင့်ဖြစ်သည်

ထိုမှသာ WuXing တစ်ခုခုဖြစ်လျှင် နှင်းများကြားတွင် အလွယ်တကူ မြင်တွေ့ရပေမည်

ဘုရင်လုံခြုံနေသရွေ့ မိဖုရားလည်း လုံခြုံနေမည်ဖြစ်သည်

YanLan၏ အဖြူရောင် ဝတ်စုံသည်WuXingနှင့် လိုက်ဖက်ရန်ဟုဆိုနိုင်သည်

WuXingသည် သူ၏ အနက်ရောင် ဇာမဏီငှက်မွှေးများဖြင့် ပြည့်နေသည့် ရင်ခွင်ကြီးထဲ၌ အဖြူရောင် နှင်းခဲလေး YanLanကို ပွေ့ပိုက်ထားပေလိမ့်မည်

Yoi ဟာ WuXingနဲ့ YanLanကို ကြည့်ပြီး သဘောတွေ အကျကြီး ကျနေသည်

အိန္ဒြေပင် မထိန်းနိုင်ဘဲ သွားများပင်ဖြီးနေသည်

Love Story From Defulo (S2), YenYen isn't YenYenWhere stories live. Discover now