part-31

8.2K 967 25
                                    

WuXing နန်းတွင်း အိမ်တော်သို့ YanLanနှင့်အတူ ပြန်ရောက်လာသည်

YanLanဟာ ကိုယ်တော်ကြီး၏ ခါးကိုဖက်ပြီး လိုက်လာသည်

WuXingရောက်ရှိသောအခါ မှူးမတ်အရာရှိများက ကြိုဆိုနေကြသလို အမတ်ကြီးYenလည်း ရှိနေ၏

WuXing မြင်းပေါ်ကဆင်းပြီး YanLanနှင့်အတူ အားလုံးကို ပြုံးရယ်ပြလိုက်သည်

WuXing အား Muiအမတ်ကြီးက စကားဆိုသည်

"အရှင်မင်းကြီး"
"လမ်းခရီးမှာ ပျော်ရွှင်ပါရဲ့လား~~"

"ပျော်ရွှင်ပါတယ် အမတ်ကြီး~"

ထို့နောက် WuXingဟာ အားလုံးရှေ့မှ ဖြတ်လျှောက်လာပြီး အမတ်ကြီးYenနှင့် အမတ်ကြီးYuiရှေ့မှာ ရပ်တန့်သွားသည်

"ကိုယ်တော့်ကို ပြောစရာရှိသေးလား~"

"မရှိပါဘူး~ ကိုယ်တော်~~"

"အဲ့ဒါဆို ပြီးရော~~"
"ကိုယ်တော် သွားတော့မယ်"
"ခမည်းတော်ကို ကောင်းကောင်း ဂရုစိုက်ပါ"
"နေ့ခင်းရောက်ရင် လာတွေ့မယ်"

"ဟုတ်ကဲ့ပါ မင်းကြီး"

WuXingဟာ အရင်လိုပင် မာကျောသော စကားသံများဖြင့်သာ ပြောဆို၍ ရှေ့ဆက်ရန် ကြံပြီးမှ ပြန်လည်ဆိုသည်

"ကိုယ်တော့်ကို မင်းကြီးလို့ မခေါ်ပဲ--"
"--
"ခမည်းတော်လိုမျိုး နာမည်ခေါ်လည်း ရပါတယ် အမတ်Yen~

"ဟုတ်ကဲ့-- ပါ-- မင်းကြီးWuXing--"

မင်းကြီးလို့ ထပ်မံခေါ်ဆောင်သည့် အသုံးအနှုန်းအတွက် တစ်ဖန် အမတ်Yenအား WuXingဟာ လှည့်ကြည့်သည်

Yenအမတ်ဟာ ကိုယ်ကိုညွှတ်ပြီး ငြိမ်သက်စွာ အရိုအသေပေးနေ၏

WuXing၏ အကြည့်တို့ဟာ အမတ်Yenအပေါ် မပျော့ပြောင်းပါ

"ကိုယ်တော်က ဉာဏ်ကောင်းပေမယ့် အမတ်Yenက ဉာဏ်မကောင်းဘူးပဲ~~"

သက်ပြင်းချ လေသံနှင့် WuXing စကားဆိုလိုက်ရင်း YanLanနှင့်အတူ ထွက်သွားခဲ့သည်

အမတ်Yuiက သတိပေးစကားဆိုသည်

"မင်းကြီးက အမတ်Yenနဲ့ ရင်းရင်းနှီးနှီး ရှိချင်လို့ထင်တယ်"
"စိတ်ထဲမှာ စိမ်းနေတောင် နာမည်ဘဲ ခေါ်ဆိုပေးလိုက်ပါ"

Love Story From Defulo (S2), YenYen isn't YenYenWhere stories live. Discover now