part-8

9.4K 1K 10
                                    

"ကျွန်တော်က ငယ်ငယ်ကတည်းက မျက်လုံးထဲကို အနက်ရောင် ကော်ရည်ဖန်ပြား ထည့်တာပါ"
"အခု ဆေးရည် ရလာတယ်~~"
"PaPa အဆင်ပြေရင် နောက်ထပ် အဲ့ဒါမျိုး ရှာပေးပါလား"

Kontsu ဟာ ဆေးတံရှည်ကြီးအား မီးဖွာရင်း YanLan လက်ထဲမှ မျက်လုံးအရောင်ပြောင်းစေသည့် ထိုဆေးရည် ပုလင်းလေးအား သေချာကြည့်သည်

တောင်ပင်လယ်၏ အနောက်ဘက်ကလာတဲ့ လူမျိုးများထံမှာ ရနိုင်မည်ဟုတော့ Kontsu ထင်ပါသည်

"Papa ဆေးကုန်သည်တွေဆီက စုံစမ်းပြီး ဝယ်ထားပေးပါ့မယ်"

YanLan ဆေးပုလင်းလေးအား ပြန်ယူထားလိုက်သည်

"arr~~"
"ဒီည နန်းတွင်းသွားမယ်ဆို"

"omm~~"

"မင်းညီမ YenYen ကို နည်းနည်း ချော့လိုက်ပါဦး"
"WuXing က မင်းနဲ့ ငယ်ငယ်တည်းက သိနေတဲ့ သူမလား~~"
"မင်းပြောရင် YenYen က လက်ခံမှာပါ~~"
"papa မင်းကြီးနဲ့ မျက်နှာ မပျက်ချင်ဘူး"

ငယ်ငယ်က နန်းတွင်းရှိ အပျော်မယ်တွေဟာ WuXing၏ မိုက်ကန်းကန်းမျက်နှာလေးကိုကြည့်ပြီး စနောက်ကြသည်

များမကြာမှီ အပျော်မယ်များ ရေချိုးဆောင်ထဲဝင်ပြီး အကျီများယူကာ ဖွက်ထားသည်

အတွင်းခံများကို ခေါင်မိုးပေါ် တင်ထားလိုက်သဖြင့် မင်းကြီးလာတဲ့အချိန်နှင့် ငြိပြီး အလှမယ်လေးများ ရုတ်ရုတ်သည်းသည်း အရှက်ကွဲဖူးသည်

မကျေနပ်လျှင် မကျေနပ်သလို မိန်းကလေး အဆောင်ထဲအထိဝင်ကာ တစ်ခုခုလုပ်ဖို့ ဝန်မလေးတတ်သူပါ

မျက်နှာချေ ပေါင်ဒါဘူးထဲကို ငရုတ်သီးမှု့န်များရောပြီးထားခဲ့သည်

မြွေနှင့် ပိုးဟပ်များကို ဖမ်းကာ ဘူးနဲ့ထည့်ပြီး ဖားနှင့် ကင်းလိပ်လျောများကိုပင် မင်္ဂလာလက်ဆောင်ပေးတတ်သူပါ

သူများ မင်္ဂလာယူချိန် ပျက်စီးအောင် လုပ်တတ်သည့် အိမ်ရှေ့စံ WuXing--- ခဏခဏ မိဖုရားကြီးဆီမှာ အရိုက်ခံရဖူးသည်

ပြီးရင် YuTao~~ ဟုဆိုကာ မျက်နှာငယ်လေးနဲ့ အရှေ့မှာ လာငိုတတ်သည်

YuTao ဟာ နတ်ကွန်းမှ ဆေးဆီမန်းတောင်းကာ ခြေထောက်ကို လိမ်းပေးရသည်

Love Story From Defulo (S2), YenYen isn't YenYenWhere stories live. Discover now