သံပုခွက် ကိုင်ဆောင်ထားသူ ပြီးနောက် ရေနွေးခွက်နှင့် တံပတ်ဖြူကိုင်ဆောင်ထားသော ယောက်ျားပျို နှစ်ယောက် ရှေ့တိုးလာ၏

တံပတ်ဖြူ အသစ်အား ကြက်သီးနွေးရည် စွတ်လိုက်လိုက်ပြန်သည်

ရေနွေးစွတ်ထားသော တံပတ်ဖြူဖြင့် Aitaဟာ မျက်နှာပေါ်ရှိ သံပုရာရည်တို့အား ထပ်မံသုတ်သင်သည်

အားလုံးပြီးနောက် ပြောင်စင်သွားသော မျက်နှာလေးအား လန်းဆန်းသွား၏

နောက်ဆုံး အသင့်ပြုလုပ်ထားသော ဝါးတံပူဖြင့် ခံတွင်းအား သန့်စင်ကာ ဆေးရည်တစ်ချို့ဖြင့် ပလုတ်ကျင်းလိုက်၏

မျက်နှာပေါ်အား အထူးစီမံထားသော ရွှေသား ပုလဲတို့ပါဝင်သည့် အေးမြနေသည့် အလှဆီတစ်မျိုးအား သုတ်လိမ်းပြီးသောအခါ အဝတ်လဲခါနီး ဆံပင်တို့အား ဖြီးသင်ခြင်းကို ခံယူသည်

Bakuက ရုတ်တရက် ခွေးခြေထောက်ခုံလေးအား ယူလာပြီး အခန်းထဲသို့ဝင်လာသည်

"Papa~~ ခေါင်းဖြီးပြီးရင်း Baku အကျီလဲပေးမယ်"

Aita မှန်ရှေ့မတ်တပ်ရပ်ပြီး အကျီလဲရန်ပြင်နေရင်း လှည့်ကြည့်လိုက်သည်

Bakuဝင်လာသောကြောင့် အစေခံယောက်ျားပျိုလေးများနှင့် ကြင်ယာထိန်းဟာ အနားမှ အသီးသီး ထွက်ခွာသွားကြ၏

ထုံးစံအတိုင်း Bakuဟာ Aita၏ အဖြူရောင် အတွင်းဝတ်လဲတော်အား ယူလာပြီး အရပ်မမှီ၍ ခုံခုသည်

ခုံပေါ်သို့ တတ်လိုက် ဆင်းလိုက်ဖြင့် မတ်တပ်လေးရပ်ပြီး အကျီအထပ်ထပ်ကို အဆင့်ဆင့် ဝတ်ပေးသည်

နောက်ဆုံး ရွှေရောင် ဝတ်လဲတော် အကျီအား ဝတ်ပေးပြီး ခုံပေါ်ပြန်တတ်ကာ ရင်ဘက်ပေါ်ရှိ ကြယ်သီးလေးများကို တပ်ပေး၏

အဝတ်လဲပေးခြင်းဟာ Ashoကို နေ့စဉ်လုပ်ဆောင်ပေးရသည့် လုပ်ငန်းဆောင်တာလေးမို့ Bakuအတွက် မဆန်းလှပါ

ထို့နောက် Bakuဟာ Aita၏ ဆံပင်တို့အား ကျစ်ဆံမြီးကျစ်ပေးသည်

"Papa ဆံပင်တွေက လှလိုက်တာ~~"

"သဘောကျလို့လား?"

"omm"

×××××

Love Story From Defulo (S2), YenYen isn't YenYenحيث تعيش القصص. اكتشف الآن