Chapter Twenty - အကျည်းတန်း ပန်းချီကား

680 62 5
                                    

Zawgyi Version

-----------------------

Chapter Twenty – The Ugly Portrait ( အကျည်းတန် ပန်းချီကား)

အဲ့ဒီညက နွေးထွေးနေတာမို့ ဒိုရီယန် အိမ်သို့ လမ်းလျှောက်ပြန်လာခဲ့လေသည်။ လမ်းလျှောက်လာသူ နှစ်ယောက်က သူ့ဘေးမှ ဖြတ်ကျော်သွားသည်။ သူတို့ထဲက တစ်ယောက်က သူ့အဖော်ဖြစ်သူကို ဒိုရီယန်ဂရေး ဆိုတဲ့ နာမည်ကို တီးတိုး ပြောလိုက်တာ နားစွန်နားဖျား ကြားလိုက်ရ၏။ ဒီလို အာရုံစိုက်ခံရမှု၊ အရေးပေး ခံရမှုတို့ကို သူ ငြီးငွေ့နေလေပြီ။ ဒါက သူဘာကြောင့် လန်ဒန်မြို့မှ ဝေးရာသို့ မကြာခဏ ထွက်သွားနေရသလဲ ဆိုသည့် အကြောင်းရင်းတစ်ရပ်ပင် ဖြစ်သည်။ သူသွားခဲ့သည့် ရွာငယ်လေးက သူဟာ ဒိုရီယန်ဂရေး ဖြစ်သည် ဆိုတာကို မသိကြပေ။ တကယ်တော့ သူနဲ့ အချစ်ဇာတ်လမ်းဆင်နေသည့် မိန်းကလေးက သူ့ကို ဆင်းရဲသည့်လူတစ်ယောက် ဟုသာ ထင်နေခဲ့တာ ဖြစ်သည်။ သူသည် အန္တရာယ် ကြီးသူ၊ ကောက်ကျစ်စဉ်းလဲသူ ဖြစ်ကြောင်း ထိုမိန်းကလေးကို တစ်ခါ ပြောဖူးပေမဲ့ သူမလေးက မယုံကြည်ခဲ့ပေ။ ရယ်ရုံသာ ရယ်နေခဲ့သည်။

သူ့အိမ်ကို ပြန်ရောက်လာတော့ သူ့ကို စောင့်ဆိုင်းနေတဲ့ အစေခံတွေကို တွေ့ရလေသည်။ သူတို့ကို အိပ်ရာဝင်ဖို့ ပြောလိုက်ပြီး ၊ သူကတော့ စာကြည့်ခန်းထဲမှာ နားနေခဲ့သည်။ စာကြည့်ခန်းထဲ တစ်ယောက်တည်း ရှိနေစဉ်၊ ညနေခင်းတုန်းက ပြောခဲ့ကြတဲ့ စကားတွေက သူ့စိတ်ထဲက မထွက်နိုင်အောင် ရှိနေ၏။ သူက ငယ်ရွယ် နုပျိုမှုကို ထိန်းသိမ်းထားခဲ့သည်။ သို့ပေမဲ့ အဲ့ဒီအတွက် ပေးဆပ်ရသည် အဖိုးအခကို မည်သူမှ မသိကြပေ။ အဲ့သည် အခိုက်အတန့်တိုင်းမှာ ကျေနပ်ပျော်ရွှင်ခဲ့ရသည့်တိုင် အဲ့ဒါကပဲ သူ့ရဲ့ ဘဝကို အဆိုးဆုံးနည်းဖြင့် ပျက်ဆီးစေခဲ့သည်လေ။ သူနဲ့ အပေါင်းအသင်း ဖြစ်လာသည့် လူ အကုန်လုံးက နောက်ဆုံးမှာ ဖျက်ဆီးခံလိုက်ရသည် ဆိုတာကိုလည်း သူ့ကိုယ်သူ ထပ် သတိပေးမိပြန်သည်။ သူ့ရဲ့ အမြဲတည်ရှိနေတဲ့ နုပျိုခြင်းနဲ့ ရုပ်ရည်ချောမောခြင်းတို့က သူ့စိတ်သဏ္ဍာန်မှာ ဖြစ်လာနေတာတွေကို မျက်နှာဖုံးအဖြစ် ကာထားပေးရုံမျှသာ။

တိုတောင်းသော အချိန်အခိုက်အတန့်လေး အတွင်း၌ သူ ဖျက်ဆီးမိခဲ့သည့် ဘဝများစွာအတွက် နောက်တကြီးစွာ ရမိနေသည်။ ဘာဆေးလ်ဟောဝဒ်ကို သတ်ဖြတ်သူ၊ အယ်လန်ကမ့်ဘဲလ်ကို သေကြောင်းကြံစည်မှု တို့အပြင် ၊ ယခု ဂျိမ်းစ်ဗိန်းရဲ့ သေဆုံးမှု - တို့က သူ့ရဲ့ ဆင်ခြင်တုံတရားကို နှိုးဆွနေလေတော့သည်။ သို့သော် သူ့ရဲ့ နောင်တက သိပ်မကြာရှည်လိုက်ပါချေ။ အတိတ်အကြောင်းတွေကို ပြန်မတွေးသင့်တော့ပါဘူး ဟု သူ့ကိုယ်သူ ပြန်ပြောနေမိသည်။ ယခုအချိန်မှာ စဉ်းစားသင့်တာက လက်ရှိ သူ့ စိတ်ဝိဥာဉ်ရဲ့ အခြေအနေကိုပင် ဖြစ်သည်။ ဒိုရိယန် ဆုံးဖြတ်ချက် ချလိုက်တာက သူ ဘဝ အသစ်ကို လိုချင်သည်။ အဲ့ဒါက ကောင်းသည်လေ။

ဒိုရီယန်ဂရေး ရဲ့ ပုံတူပန်းချီကား(Completed)Where stories live. Discover now