Chapter Six - စေ့စပ်ပွဲ

211 24 0
                                    

Zawgyi

---------------------

Chapter Six – The Engagement (ေစ့စပ္ပဲြ)

လော့ဒ်ဟင်နရီနှင့် ဘာဆေးလ်တို့ ဘရစ်စတိုးရှိ သီးသန့်စားသောက်ခန်းထဲတွင် ရှိနေကြလေသည်။ သူတို့ဒီကို ညစာစားရန် လာခဲ့ကြခြင်းဖြစ်သည်။ ဒိုရီယန်က မကြာခင်မှာ သူတို့နှင့်အတူစားရန် ရောက်လာပေလိမ့်မည်။

" ခင်ဗျား သတင်းကြားပြီးပြီလား ဘာဆေးလ်။ " လော့ဒ် ဟင်နရီက စ ပြောလိုက်သည်။

"ဘာသတင်းလဲ၊ ကျတော် နိုင်ငံရေးတွေ စိတ်မဝင်စားဘူး။ အဲ့ဒီလောကထဲက လူတွေက ကျတော့်ပန်းချီအတွက် ကောင်းတဲ့ အကြောင်းအရာ မဟုတ်ဘူး။" ဘာဆေးလ် က ဟာသအဖြစ်ပြောနေသည်။

"ဒိုရီယန်ဂရေးက လက်ထပ်ဖို့အတွက် စေ့စပ်လိုက်ပြီ" ဟင်နရီက သတင်းပေးသည်။

သည်သတင်းကို ကြားလိုက်ရချိန်မှာတော့ ဘာဆေးလ်တစ်ယောက် ကြောင်ငေးနေလေသည်။

"ဘယ်သူနဲ့လဲ"

"သရုပ်ဆောင်ငယ်ငယ်တစ်ယောက် ဒါမှမဟုတ်ရင်လဲ တခြားတစ်ယောက်ပေါ့။"

"ကျတော် မယုံဘူး။ ဒိုရီယန်က အသိဥာဏ်ရှိပါတယ်။ သူနဲ့မထိုက်တန်တဲ့သူနဲ့ လက်ထပ်ဖို့ဆိုတာ လုံးဝ ယုတ္တိမတန်တဲ့ ဟာပဲ။ "

"ခင်ဗျား သူ့ကို အဲ့ဒီမိန်းကလေးနဲ့ လက်ထပ်စေချင်ရင် အဲ့ဒီစကား သွားပြောလိုက် ဘာဆေးလ်။ သူ ကျိန်းသေ လုပ်လိမ့်မယ်။ ဘယ်တော့မဆို ယောက်ျားတစ်ယောက်က မိုက်မဲတာတွေ တလျောက်လုံး လုပ်တယ်ဆိုရင် အဲ့ဒါတွေက အမြဲတမ်း ဂုဏ်ရှိသူတွေရဲ့ လှုံ့ဆော်မှုကနေလာတာပဲ။"

"အဲ့ဒီမိန်းကလေး ကောင်းတဲ့သူဖြစ်ဖို့ မျှော်လင့်တယ် ဟယ်ရီ။ ကျတော်တော့ ဒိုရီယန်ကို သူ့ရဲ့ဂုဏ်ကို နိမ့်စေမဲ့၊ သူ့ရဲ့ ကိုယ်ရည်ကိုယ်သွေးတွေ ဖျက်ဆီးစေမဲ့ ယုတ်ညံ့တဲ့ ထောင်ချောက်တွေထဲမှာတော့ ချည်နှောင်မခံစေချင်ဘူး။"

"အိုး..သူ(မ)လေးက ကောင်းတဲ့သူဆိုတာထက် ပိုပါတယ်။ သူ(မ)က လှတယ်လေ။"

လော့ဒ်ဟင်နရီက လိမော်ရနံ့ထည့်ထားသော ဗားမောက် ဖန်ခွက်ကို တစ်ချက် ငုံလိုက်ရင်း မသဲမကွဲပြောလိုက်သည်။

ဒိုရီယန်ဂရေး ရဲ့ ပုံတူပန်းချီကား(Completed)Where stories live. Discover now