Chapter Four - အချစ်

392 39 6
                                    

Zawgyi

---------------

Chapter Four – Love (အချစ်)

တစ်လ အချိန်ကုန်သွားပြီးနောက်

ဒိုရီယန်ဂရေး က လော့ဒ်ဟင်နရီ အိမ်ထဲက စာကြည့်ခန်းမှနေပြီး သူ့ကိုစောင့်နေသည်။ ဒိုရီယန် က သူပြန်သင့်ပြီလား ဟု တွေးတောနေစဉ်မှာပင် တံခါးဘက်ဆီမှ အသံကြားလိုက်ရ၏။ သူ့မိတ်ဆွေ ရောက်လာပြီလောဟု ပျော်ရွှင်စွာ တံခါးဘက်ဆီ လှည့်ကြည့်လိုက်သော် အမျိုးသမီးတစ်ဦး ရပ်နေတာသာ တွေ့ရပြီး အံ့သြသွား၏။

" ဟယ်ရီ မဟုတ်လို့ စိတ်ပျက်သွားတာလား Mr Gray " ဖြေလိုက်သံက အသံစူးစူးဖြင့် ဖြစ်သည်။

သူက မြန်မြန်လှည့်ကြည့်ပြီးနောက် ထရပ်လိုက်၏။

"ကျတော့်ကို ခွင့်လွှတ်ပါ။ ကျတော် ထင်တာက _ _ _"

"ကျမ ယောက်ျား လို့ ရှင်ထင်လိုက်တာ။ အဲ့ဒါက သူ့မိန်းမပဲ ဖြစ်နေတယ်ပေါ့။ ကျမ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ပေးပါရစေဦး။ ကျမကတော့ ရှင့်ဓါတ်ပုံတွေ မြင်ဖူးထားလို့ သိနေပါတယ်။ ပြီးတော့ ပြဇာတ်ကြည့်တဲ့ညကလည်း ကျမ ယောက်ျားနဲ့အတူ ရှင့်ကို တွေ့လိုက်သေးတယ်လေ။" "ဟုတ်တာပေါ့။ အဲ့ဒီပြဇာတ်က "ချစ်လှစွာသော လိုဟန်ဂရင်" (Opera by Richard Wagner) ပဲ။ ကျမက ဝက်ဂ်နာ ရဲ့ ဂီတကို တခြားဟာတွေထက် ပိုကြိုက်တယ်။ အဲ့ဒါက အရမ်းကျယ်လောင်နေတော့ ပြဇာတ်တလျှောက်လုံး တစ်ယောက်က စကားပြောရင် တဖက်လူက ဘာပြောနေမှန်း မကြားရဘူးလေ။ အဲ့ဒါတော်တော် ကောင်းတာပဲ။ ရှင်ရော အဲ့လို မထင်ဘူးလား Mr Gray "

ဒိုရီယန် က ပြုံးပြရင်း ခေါင်းကိုယမ်းလိုက်သည်။

"ကျတော်တော့ အဲ့လို မထင်ပါဘူး Lady Henry ။ တေးဂီတပွဲမှာ ကျတော် ဘယ်တော့မှ စကားမပြောဘူး။ အနည်းဆုံးတော့ ဂီတပွဲကောင်းကောင်း တွေရဲ့ ဖျော်ဖြေချိန်အတွင်းမှာပေါ့ဗျာ။ တစ်ယောက်တည်းကပဲ မကောင်းတဲ့ ဂီတလို့ ကြားနေရတာဆိုရင်တော့၊ စကားပြောခြင်းထဲမှာ နစ်မျောနေတဲ့ အဲ့ဒီတစ်ယောက်ရဲ့ တာဝန်ပါပဲ။ "

"ဒါကြီးက ဟယ်ရီ ရဲ့ အယူအဆကြီး မဟုတ်လား။ သူ့မိတ်ဆွေ အပေါင်းအသင်းတွေဆီကနေ သူ့ အယူအဆတွေကိုပဲ ကျမ အမြဲ ကြားနေကြပဲ။" Lady Henry က ထောက်ပြပြောလေသည်။

ဒိုရီယန်ဂရေး ရဲ့ ပုံတူပန်းချီကား(Completed)Where stories live. Discover now