Chapter Eleven - လျို့ ဝှက်ခြင်း

168 23 0
                                    

Zawgyi

----------------

Chapter Eleven – The Mystery

သည်နှစ်တွေအတွင်း ဒိုရီယန်ဂရေးမှာ ထိုစာအုပ်၏ လွှမ်းမိုးမှုအောက်မှ မလွတ်မြောက်နိုင်အောင်ပင် ရှိနေ၏။ ပို၍တိတိကျကျ ပြောရလျင် ဒီစာအုပ်ကနေ လွတ်မြောက်ဖို့အကြောင်းကို ဘယ်တုန်းကမှ မရှာခဲ့တာဖြစ်သည်။ ပဲရစ်မြို့မှ မှာယူထားသော ပထမဆုံးထုတ်ဝေသော စာအုပ်များက ၉ အုပ်ထက်မနည်း ရရှိထားသည်။ အဲ့ဒါတွေက အရောင်အမျိုးမျိုးနဲ့ အနားသတ်ထားတာကြောင့် သူ့ရဲ့ ပြောင်းလဲတတ်တဲ့ စိတ် နဲ့ ကိုက်ညီလှသည်။ သည်ထဲက အံ့သြဖွယ်ရာ ပါရီမြို့သား ဇာတ်လိုက်၏ စိတ်ကူးယဉ်ဆန်သော၊ သိပံနည်းကျသော စိတ်နေစိတ်ထားတို့ ထူးဆန်းစွာ ရောနှောနေသည်က သူကိုယ်တိုင် ဖြစ်လာနေသကဲ့သို့ နမိတ်လက္ခဏာ ဆောင်နေ၏။ ထို့ပြင် သူ မမွေးခင် ကတည်းက ရေးခဲ့သော ဒီစာအုပ်တစ်အုပ်လုံးက သူ့ဘဝတစ်ခုလုံးရဲ့ ဇာတ်ကြောင်းများ ပါဝင်နေသလိုပင် ထင်မြင်ရသည်။ သူ့ရဲ့ အံ့သြ မိန်းမောဖွယ် အလှတရားက ဘာဆေးလ်ဟောဝဒ် ဆွဲဆောင်ခံလိုက်ရသလိုမျိုးပင်၊ သူ့အနီးနားရှိ တခြားသူများ အားလုံးကို သူ့နားက ဘယ်တော့မှ ထွက်ခွာမသွားစေအောင် ပြုနေသည်။ သူနဲ့ပတ်သတ်ပြီး အဆိုးဆုံး ဆိုးယုတ်မှုသတင်းတွေကို ကြားထားရတဲ့ သူတောင်မှ၊ သူကျင်လည်နေတဲ့ လန်ဒန်တလွှားမှာ အချိန်ကြာလာလေလေ ထူးဆန်းလေလေ ဖြစ်လာတဲ့ သူ့အကြောင်းက ကလပ်တွေမှာ ပြောစရာအကြောင်းများ ဖြစ်လာတာတောင်မှ၊ သူ့ကို မြင်တွေ့လိုက်ချိန်မှာ သူ့ရဲ့ နာမည်ပျက်၊ အရှက်ရစရာတွေက မယုံကြည်နိုင်စရာတွေ ဖြစ်ကုန်ရတော့၏။ သူက အမြဲလိုလိုပင် ကမ္ဘာပေါ်က မပျက်စီးနိုင်တဲ့ သူတစ်ယောက်လိုပုံစံမျိုး ထိန်းသိမ်းထားလေ့ရှိသည်။

ဒိုရီယန် အခန်းတွင်းသို့ ဝင်ရောက်လာလိုက်သည်နှင့် စကားအဆက်မပြတ် ပြောနေသူတို့ပင် တိတ်ဆိတ်သွားလေ့ရှိသည်။ သူ့မျက်နှာထက်တွင် ရှိနေသော သန့်စင်ကြည်လင်သည့် တစုံတရာသော အရာက သူ့တို့ကို အပြစ်တင်နေသကဲ့သို့ပင်။ သူ့ရဲ့ မျက်မှောက်မှာ ရှိနေရုံမျှဖြင့် သူတို့ရဲ့ အရောင်မှိန် ညစ်နွမ်းစေခဲ့တဲ့ အပြစ်ကင်းစင်ခဲ့မှုလေးများကို ပြန်သတိရလာစေသည်။ သူတို့ ကို အံ့သြစေတာက လူတစ်ယောက်ဟာ ကာမဂုဏ်အာရုံခံစားမှု အညစ်အကြေးတွေကြောင့် အရွယ်ကြီးရင့် အိုမင်းလာခြင်းကို လွတ်မြောက် ကင်းလွတ်ပြီး၊ ဘယ်လိုလုပ်များ ဆွဲဆောင်မှုရှိရှိ နှစ်လိုဖွယ်ကောင်းနေရတာလဲ။

ဒိုရီယန်ဂရေး ရဲ့ ပုံတူပန်းချီကား(Completed)Where stories live. Discover now