Chapter Sixteen - ဒိုရီယန်နဲ့ ဂျိမ်းစ် တို့ရဲ့ တွေ့ဆုံမှု

176 25 0
                                    

Zawgyi

-----------------

Chapter Sixteen – James Meets Dorian (ဒိုရီယန်နဲ့ ဂျိမ်းစ် တို့ရဲ့ တွေ့ဆုံမှု)

ရထားလှည်းက အမှောင်လမ်းများဆီမှ ဖြတ်သွားချိန်တွင် မိုး စတင် ရွာလာလေသည်။ ဒိုရီယန်က အထဲတွင် တိတ်ဆိတ်စွာ ထိုင်နေလေ၏။ ဘာဆေးလ်ကို သူ့စိတ်ထဲက ထုတ်လို့မရဘဲ ရှိနေလေ၏။ သူလုပ်ခဲ့တာတွေက သူ့ကို ခွင့်လွှတ်နိုင်ဖို့ရာ မဖြစ်နိုင်မှန်း သိနေလေသည်။ ဒါပေမဲ့ အရာအားလုံးကို သူမေ့ပစ်ချင်မိသည်။ သူ့ကို အကဲဖြတ် အကြံဥာဏ်တွေ ပေးနေတာ၊ သူ့ကို ဒေါသထွက်စေခဲ့တာတွေကြောင့် သူ ဘာဆေးလ်ကို ဒုက္ခရောက်စေခဲ့မိပြီ။ တဖြည်းဖြည်းနဲ့ သူ့မှာ ပိုပြီး မရပ်နားနိုင် ဖြစ်လာရပေပြီ။ သူ မျှော်လင့်ချက်မဲ့စွာ ဘိန်းကို တောင့်တ လာမိပြန်၏။ အပြင်ဘက်ရှိ အမှောင်ထုကတော့ အရာအားလုံးကို သူ့လက်တွင်း သိမ်းယူနေဘိသကဲ့သို့ ရှိနေပေ၏။ သူ့ရဲ့ အနီးတဝိုက်ရှိ အရာအားလုံးက ကြည့်မြင်ရတာ သရဲ၊ တစ္ဆေများလို အရုပ်ဆိုး အကျည်းတန်လှသည်။

နောက်ဆုံးတော့ ဒိုရီယန် ရည်ရွယ်တဲ့ နေရာသို့ ဆိုက်ရောက်လာပေပြီ။ သူက လှည်းမောင်းသူကို ငွေပေးလိုက်ပြီး ၊ ဟောင်းနွမ်း စုတ်ပြတ်နေသော အိမ်အတွင်းဘက်သို့ လျှောက်ဝင်လာလေ၏။ သူက သီးသန့် အမှတ်အသားဖြင့် တံခါးကို ခေါက်လိုက်၏။

အတွင်းပိုင်းရှိ အပြင်အဆင်က အပြင်ဘက်ကဲ့သို့ပင် ဟောင်းနွမ်းစုတ်ပြတ် နေ၏။ သင်္ဘောသား တစ်ယောက်က အခန်း၏ ထောင့်ဘက်တွင် ထိုင်နေသည်။ သူ့ရဲ့ မျက်နှာကို လက်များဖြင့် ဖုံးကာထားသည်။ အခန်းတွင်း၌ အခြားသူများလည်း ရှိနေ၏။ ဒိုရီယန်က အရာအားလုံးကို လျစ်လျူရှုလိုက်ပြီး ၊ ဘိန်းခန်းရှိရာဆီသို့ လျှောက်သွားလိုက်သည်။ အဲ့ဒီနေရာတွင် ဒိုရီယန် ပထမဆုံး မြင်တွေ့လိုက်ရသူက အက်ဒရီယန် စင်လက်တန် ဖြစ်နေ၏။ သူ သတိရလိုက်မိတာက ထိုလူကို ဘယ်လို နာမည်ပျက်အောင် ၊ တိုင်းပြည်ထဲမှ ထွက်သွားရအောင် သူဘယ်လိုလုပ်ခဲ့ကြောင်း ဘာဆေးလ်ရဲ့ စွဲဆိုချက်များကိုပင်... ။ အက်ဒရီယန်က သူ့ကို သူ့ညီအစ်ကို တစ်ယောက်က လာရောက် ကယ်တင်ခဲ့တာ ဖြစ်ကြောင်း အသိပေး၏။ ဒိုရီယန်က အက်ဒရီယန်နှင့် စကားပြောဆက်ပြောဖို့ စိတ်မဝင်စားပေ။ သူ့ကို တစ်ယောက်မှ မသိမည့် နေရာ တစ်နေရာရာသို့ သူ သွားချင်နေမိသည်။

ဒိုရီယန်ဂရေး ရဲ့ ပုံတူပန်းချီကား(Completed)Where stories live. Discover now