Chapter Ten - အခန်းဟောင်း

206 22 0
                                    

Zawgyi

----------------

Chapter Ten – The Schoolroom (စာသင်ခန်းဟောင်း)

ဒိုရီယန်က သူ၏ အိမ်စေ ဗစ်တာကို လှမ်းခေါ်လိုက်ပြီး ပန်းချီဘောင်လုပ်သည့် ဆိုင်မှ လူနှစ်ယောက် ခေါ်လာခဲ့ရန် စေခိုင်းလိုက်၏။ ဗစ်တာ က ထိုကိစ္စဆောင်ရွက်ရန် ထွက်သွားပြီးနောက် ဒိုရီယန်က အိမ်တော်ထိန်း မစ္စက်လိဖ် ကို ခေါ်ပြန်သည်။ သူမကိုတော့ အိမ်၏ ခေါင်မိုးထပ်ရှိ schoolroom သော့ကို ရှာခိုင်းလိုက်သည်။

သူ့အဘိုး၏ နာမည်ကို ထုတ်ပြောရမည်ကိုပင် တွန့်ဆုတ်နေပြန်သည်။ အဘိုးနှင့် ပတ်သတ်လျှင် အမုန်းတရားများနှင့် ပြည့်နေသော အမှတ်တရများသာ ရှိခဲ့သည်။

"ဒါက ဘာကိစ္စမှ မရှိပါဘူး။" " ဒီအတိုင်း အဲ့နေရာကို သွားကြည့်ချင်ယုံပါပဲ။ အဲ့ဒါပါပဲ။ သော့သာ ပေးစမ်းပါလေ။"

"သော့က ဒီမှာပါ သခင်လေး။" အိမ်တော်ထိန်း အဒေါ်ကြီးက ပြောလိုက်ပြီး၊ တုန်တုန်ယင်ယင် လက်များဖြင့် သော့တွဲကို ကမ်းပေးလိုက်သည်။ "သော့က ဒီမှာပါ၊ ကျမမှာ အခုတော့ သော့က အတွဲလိုက်ဖြစ်နေပါတယ်။ ဒါပေမဲ့ သခင်လေး အဲ့ဒီမှာတော့ မနေလောက်ဘူး ထင်ပါတယ်နော်။ ဒီမှာက ပိုပြီး သက်တောင့်သက်သာ ဖြစ်တယ်မို့လား။"

"မနေပါဘူး၊ မနေပါဘူး။" သူက စိတ်တိုစွာ ပြောလိုက်သည်။ "ကျေးဇူးပဲ၊ လိဖ်။ "

မစ္စက်လိဖ် ထွက်သွားပြီးနောက် ဒိုရီယန်ရဲ့ မျက်လုံးများက ကြီးမားသောခရမ်းရောင် အိပ်ရာခင်းကြီးပေါ်မှ ရွှေရောင်ချည်ဖြင့် ထိုးထားသော ပန်းပွင့် ကြီးများဆီ အကြည့်ရောက်နေမိသည်။ ဆယ့်ခုနှစ်ရာစု နှောင်းပိုင်းလက်ရာ နေကာ တရုတ်ကတ်များက ခန့်ညား တောက်ပနေပြီး ဒါတွေက သူ၏အဘိုးဖြစ်သူ ပိုင်ဆိုင်ခဲ့တာတွေပဲ ဖြစ်သည်။ သူက အဲ့ဒါနဲ့ ပန်းချီကားကြီးကို ဖုံးအုပ်ကာ အဝေးကို ပို့ထားဖို့ ဆုံးဖြတ်လိုက်၏။

သူ ပန်းချီကားဆီကို ထပ်ကြည့်မိပြန်တော့ အဲ့ဒါက ထပ်ပြောင်းသွားသေးသလား ဆိုတာ သိချင်နေမိပြန်သည်။ ထိုအချိန်မှာပင် ဗစ်တာ ဝင်ရောက်လာပြီး ဆိုင်ကလူတွေ ရောက်လာပြီး ဖြစ်ကြောင်း ပြောလေသည်။ ဒိုရီယန်က သူ့ရဲ့ ဘဏ္ဍာစိုးကို ပန်းချီကားအား ဘယ်မှာထားထားသလဲဆိုတာကို မသိစေချင်ပေ။ ထို့ကြောင့် သူက စာတချို့ ခပ်သော့သော့ ရေးလိုက်ပြီး ဗစ်တာ့ကို လော့ဒ်ဟင်နရီဆီ သွားပို့ရန်နှင့် သူ့မိတ်ဆွေရဲ့ အကြောင်းပြန်တာကိုပါ စောင့်ယူလာခဲ့ရန် ပြောလိုက်လေသည်။

ဒိုရီယန်ဂရေး ရဲ့ ပုံတူပန်းချီကား(Completed)Where stories live. Discover now