Introduction
2.8K 164 3
Zawgyi
-------------------
-
Unicode
--------------
The Picture of Dorian Gray သည် Oscar Wilde က Lippincott လစဉ် မဂ္ဂဇင်းတွင် ရေးသားခဲ့သော Gothic ဝတ္ထု အမျိုးအစားဖြစ်ပြီး July 1890 တွင် အပြီးသတ်ခဲ့သည်။ လိင်ပိုင်းဆိုင်ရာ မသင့်တော်သော ဇာတ်လမ်းဖြစ်မှာစိုးသောကြောင့် မဂ္ဂဇင်းအယ်ဒီတာက Wilde ကို အသိမပေးဘဲ စာမူကြမ်းတွင် စာစုငါးရာကျော် ဖြတ်တောက်ပစ်ခဲ့သည်။
Director Oliver Parker က ရုပ်ရှင်အဖြစ် ပြန်လည်ဖန်တီးခဲ့ပြီး 9 September 2009 တွင် ရုံတင်ပြသခဲ့သည်။ ကြာမြင့်ချိန် ၁၁၂ မိနစ်ရှိသော ထိုရုပ်ရှင်ကားတွင် အဓိက သရုပ်ဆောင် Dorian Gray အဖြစ် Ben Barnes က ပါဝင်သရုပ်ဆောင်ခဲ့သည်။
T/N: (မြန်မာပြန်ပြီးသား ရှိလား၊ မရှိလား မသိသော်လည်း ရှေ့က ဒရက်ကူလာမှာ အရှိန်ရပြီးသားဖြစ်လို့ ဒါကိုပဲ ဘာသာပြန်ဖို့ ရွေးချယ်ခဲ့ပါတယ်။ အပိုင်း (၂၀) ရှိပါတယ်။
ဒရက်ကူလာမှာ ရေးထားတဲ့ ကိုယ့်စာကိုယ် ပြန်ဖတ်ကြည့်တော့ အလယ်တန်း၊အထက်တန်း အထူးထုတ်တွေထဲက ပြန်သလိုမျိုး ဖြစ်နေလို့ ဖတ်ရတာ မူလ အရသာ အပြည့်အဝ မရသလိုပါပဲ။ ဒီတစ်ခါတော့ တတ်နိုင်သလောက် ပိုကောင်းအောင် ကြိုးစားရေးပါ့မယ်။)
(Added Note: 2018 November တုန်းက ရေးခဲ့တဲ့စာကို 2020 May မှာ ယူနီကုတ်ဖောင့် နဲ့ စာပြင်ခဲ့ပြီး အခု 2022 May မှာ ပြန်တင်ပါတယ်။ အစက ကိုယ့် Blogspot မှာ တင်ဖို့ပါ။ English novel တွေဆို အဲ့မှာ တင်မယ်ဆိုတဲ့ အကြံနဲ့ပါ။ ဒါပေမဲ့ အဲ့မှာ ဒရက်ကူလာ တင်ထားတာတောင် ဖတ်မဲ့သူ မရှိဘူး။ ဖတ်တဲ့သူ မရှိရင် ရေးရတာလည်း အားမရှိပါဘူး။ )
ဒိုရီယန်ဂရေး ရဲ့ ပုံတူပန်းချီကား(Completed)Where stories live. Discover now