Chapter Seven - ပြဇာတ်

195 24 0
                                    

Zawgyi

----------------

Chapter Seven – The Play (ပြဇာတ်)

ပြဇာတ်ရုံတွင် လူစည်ကားနေပြီး ဝင်ပေါက်ဝတွင်ဆုံမိသော ခပ်ဝဝဂျူးကတော့ အဆီပြန်သော မျက်နှာနှင့် ပါးစပ်နားရွက်ချိတ်အောင် ပြုံးနေသည်။ သူက ဧည့်သည်များကို နှိမ့်ချသော ကိုယ်ဟန်အမူအရာဖြင့် နေရာချပေးပြီး၊ သူ၏ ရတနာအပြည့် ဝတ်ဆင်ထားသော လက်ဝတုတ်တုတ်ကို လွှဲကာ ယမ်းကာဖြင့် ရှိနေလေသည်။ ဒိုရီယန်က သူ့ကို ပိုပိုပြီး မုန်းလာသည်။ ယခုအချိန်တွင် ဆစ်ဘယ့်ကို ဒီလို ယုတ်ညံ့တဲ့နေရာမှ ခေါ်ထုတ်သွားဖို့ ဆုံးဖြတ်ချက် က ပိုခိုင်မာလာသည်။ မန်နေဂျာက သူတို့ကို ပွဲကြည့်စင်သို့ လိုက်လံပို့ဆောင်ပေးသည်။ ပြဇာတ်ရုံအတွင်းမှာ ပူလောင်လို့နေသည်။ ဇာတ်ရုံအတွင်းရှိ လူထုမှာလည်း လန်ဒန်မြို့၏ လူနေထူထပ်ညစ်ညမ်းသော နေရာမှ အဆင့်နိမ့်လူတန်းစားများသာ ဖြစ်သည်။ သူတို့၏ ကျယ်လောင်စွာ ရယ်မောသံနှင့် နေရာက အလွန်ကို ဆူညံနေလေသည်။

"အင်မတန် စိတ်ဝင်စားစရာကောင်းတဲ့ နေရာကနေ အချစ်ကို ရှာတွေ့လာတာပဲ" လော့ဒ်ဟင်နရီက သရော်တော်တော် ပြောဆိုသည်။

ဒိုရီယန်က ချက်ချင်းခွန်းတုံ့ပြန်သည်။ " ဟုတ်တယ်လေ။ ဒါ သူ(မ)ကို ကျတော် ရှာတွေ့တဲ့နေရာပဲ။ သူ(မ)ကိုသာ ခင်ဗျားမြင်ရင် ဒီနားက ရိုင်းစိုင်းကြမ်းတမ်းတဲ့လူတွေကို မေ့သွားလိမ့်မယ်။ ကားလိပ်တွေ ပင့်တင်သွားတဲ့အချိန်ရောက်ရင် ကျတော့်တစ်ဘဝလုံး အတွက် ရည်စူးထားတဲ့ မိန်းကလေးကို ခင်ဗျားတို့ တွေ့ရတော့မှာ။ "

တစ်နာရီရဲ့ လေးပုံတစ်ပုံလောက် ကြာမြင့်ပြီးချိန်မှာတော့ ကားလိပ်များ ပင့်တက်သွားကြပြီး ဆစ်ဘယ်ဗိန်းက ဇာတ်စင်ရှေ့သို့ လှမ်းထွက်လာသည်။ ကြည့်ရှုသူ ပရိတ်သတ်များ၏ လက်ခုပ်တီး အားပေးသံများက လျှံထွက်လာသည်။ ဟုတ်ပါပေ၏။ သူမ၏ သဏ္ဍန်က ဟင်နရီ၏အတွေးထဲ သူမြင်ဖူးသမျှတွင် ချစ်ခင်မြတ်နိုးစရာ အကောင်းဆုံး အသွင်ဖြင့် ရှိနေပါသည်။ သူ(မ)၏ သမင်ငယ်လို ရှက်ရွံဟန် တလက်လက်တောက်ပနေသော မျက်လုံးများက အထဲမှာ တခုခု ရှိနေသလိုပင်။

ဒိုရီယန်ဂရေး ရဲ့ ပုံတူပန်းချီကား(Completed)Where stories live. Discover now