Chapter Eighteen - မြင်းဇောင်း

182 23 0
                                    

Zawgyi Version

----------------

Chapter Eighteen – The Stable ( မြင်းဇောင်း)

နောက်တစ်နေ့မှာတော့ ဒိုရီယန် အိမ်ထဲကအိမ်ပြင် မထွက်တော့။ သူက ထိတ်လန့်တုန်လှုပ်နေပြီး၊ ခန်းဆီးစများ ၏ လှုပ်ရှားမှုများကလည်း သူ့ကို တုန်လှုပ်စေသည်၊ အပြင်ဘက်ဆီမှ သစ်ရွက်ခြောက်များ၏ ကြွေကျသံကလည်း သူ့ကို ခြောက်ခြားစေလေ၏။ သူက ဂျိမ်းစ်ရဲ့ မျက်နှာကိုသာ အမှတ်ရနေမြဲ ဖြစ်၏။ သူ့ကိုယ်သူလည်း အဲ့ဒါ စိတ်ကထင်နေတာပါ ဟု ပြောနေမိပြန်၏။ ဆစ်ဘယ်ဗိန်းရဲ့ အစ်ကိုက သူ့သင်္ဘောနဲ့ အဝေးဆီမှာ ရွက်လွှင့်နေပေလိမ့်မည်။ သူ့ကို သတ်ဖို့ ပြန်လာလောက်မှာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သူ့စိတ်ထဲက တုန်လှုပ်ခြောက်ခြားမှုကိုတော့ ဘယ်လိုမှ ဖုံးဖိမရနိုင်ဘဲ ရှိနေလေ၏။ ဒီလူနဲ့ ဒီလို ထူးဆန်းတဲ့ ကစားပွဲကို သူ့စိတ်ထဲမှာ ဆက်ကစားခွင့် မပြုသင့်တော့ဘူး ဟူ၍လည်း သူ့ကိုယ်သူ ပြန်ပြောနေမိပြန်သည်။ ဂျိမ်းစ်ဗိန်းကို ကြောက်လန့်နေတဲ့ သူ့ရဲ့ အကြောက်တရားနဲ့အတူ ၊ သူ့မှတ်ဥာဏ်ထဲတွင် ဘာဆေးလ်ကို သူ ဘယ်လို သတ်ခဲ့မိသလဲ ဆိုတာတွေပါ ပြန်ပေါ်လာနေပြီး ၊ သူ့ကို ခြောက်လှန့်နေလေတော့သည်။ သူ့ဘဝ သက်တမ်းတလျှောက် သူလုပ်ခဲ့တဲ့ ပြစ်မှုတွေနဲ့ ရင်ဆိုင်ရမှာကို ပုံဖော် ခန့်မှန်းကြည့်မိပြီးတော့ ၊ အတွေးနဲ့တင် သွက်သွက်ခါသွားလေသည်။

ဒိုရီယန်တစ်ယောက် နောက်ထပ် နှစ်ရက်၊ သုံးရက်လောက် နေပြီးတော့မှ အိမ်ပြင်ထွက်ရဲတော့သည်။ ဒီလို အကြောက်တရားတွေ၊ ခိုကိုးရာမဲ့ ဖြစ်နေတာတွေနဲ့ ရှင်သန်နေရတာက သူ့ရဲ့ ပုံမှန် ဝါဒနဲ့လည်း မကိုက်ညီဘူး ဟုလည်း သူ့ကိုယ်သူ ဖြေသိမ့်နေပြန်၏။

မနက်စာ စားသောက်ပြီးနောက် မြို့စားကတော်နှင့်အတူ သွားရန် လမ်းလျှောက်ထွက်လာလိုက်လေသည်။ ထို့နောက် ဆြာဂျက်ဖရေ နဲ့ အပေါင်းအသင်းဖွဲ့ရန် ဆုံးဖြတ်လိုက်၏။ မြို့စားကတော်၏ မောင်ဖြစ်သူလည်း ဒီအမဲလိုက်အဖွဲ့နဲ့အတူ လိုက်ပါလာလေသည်။ သူတို့ အုပ်စုက ဒီကစားနည်းနဲ့ ကံသိပ်မလိုက်ဘဲ ရှိနေကြ၏။ ထိုစဉ် ရုတ်တရက် သူတို့ တောကြီးယုန်တစ်ကောင်ကို တွေ့မိလိုက်ကြသည်။ ဒိုရီယန်က ဆြာဂျက်ဖရေကို ဒီလောက်လှတဲ့ သတ္တဝါလေးကို မပစ်ဖို့ တောင်းပန်လိုက်လေ၏။ သို့သော် သူ့မိတ်ဆွေက သူ့ရဲ့ စိတ်ထားနုနုကို အရေးမလုပ်ဘဲ ထိုတောကြီးယုန်ကို ပစ်လိုက်လေသည်။ သူတို့အားလုံး လူတစ်ယောက်၏ နာကျင်စွာ အော်ညည်းသံကို ကြားလိုက်ရလေတော့၏။ ထိတ်လန့်သွားကြခြင်းနှင့်အတူ သူတို့ထဲက အစေခံတစ်ယောက်ကို ပစ်မိသွားပြီဆိုတာ သိလိုက်ကြရလေ၏။ သူတို့ နားလည်ရခက်နေကြပြီးတော့ ၊ ဒီအကြောင်းနှင့် ပတ်သတ်၍ သို့လော၊သို့လော ထင်မြင်ချက်များ ပေးနေကြလေသည်။ အမဲလိုက်အဖွဲ့ကြီးက ဒီလို အဖြစ်များနှင့် အဆုံးသတ်လိုက်ရသည့်အတွက် စိတ်ပျက်သွားကြကာ မကြာမီပင် လူစုကွဲသွားကြလေတော့သည်။

ဒိုရီယန်ဂရေး ရဲ့ ပုံတူပန်းချီကား(Completed)Where stories live. Discover now