Chapter Thirteen - လူသတ်သမား

180 21 0
                                    

Zawgyi

----------------------

Chapter Thirteen – Murder (လူသတ္သမား)

သူတို့ အိမ်ရဲ့ အပေါ်ထပ်ကို ရောက်လာချိန်တွင် ဒိုရီယန်က ဘာဆေးလ်ကို သူ့အကြောင်းတွေ အကုန်သိချင်တယ်ဆိုတာ သေချာရဲ့လားဟု ထပ်မေးပြန်ပါ၏။

"ဟုတ်တယ်။ တကယ်သိချင်တာ" ဘာဆေးလ်က ပြန်ဖြေ၏။

"ကျတော် ခင်ဗျားကျေနပ်သွားအောင် အကုန် ဖြေပေးမယ်။ အကြောင်းက ခင်ဗျားက အရာရာတိုင်းကို သိဖို့ တောင်းဆိုတဲ့သူ မို့လို့။ ခင်ဗျားက ကျတော့်ရဲ့ ဘဝမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်ကပြခဲ့တဲ့ ပုဂ္ဂိုလ်ပဲလေ။" ဒိုရီယန်ရဲ့ အပြုံးတစ်ချက်နှင့် တုံ့ပြန်မှု ပေးလာပြီးနောက် သူ၏မိတ်ဆွေနှင့်အတူ စာသင်ခန်းဟောင်းဆီသို့ ဝင်လာလိုက်၏။

" ခင်ဗျားနောက်က တံခါးကို ပိတ်ခဲ့လိုက်ပါဦး ဘာဆေးလ်။" ဒိုရီယန်က သူ့နောက်ကနေ အပေါ်ထပ် လိုက်တက်လာတဲ့သူကို ပြောလိုက်၏။ ဒိုရီယန်က မီးအိမ်ကို စားပွဲပေါ်တင်လိုက်တော့ အခန်းတွင်းမှာ အလင်းရောင် တချို့ ဖြာကျလာ၏။ ဒိုရီယန်က အလင်းရောင် ပိုရစေရန် မီးအိမ်ထဲက မီးစာကို တစ်ဝက်ခန့် ထပ်မြှင့်လိုက်၏။

အခန်းအတွင်းမှာ ဖုန်ထူထူ များ ဖုံးအုပ်နေကြောင်း ဘာဆေးလ် သတိပြုမိလိုက်သည်။ ပရိဘောဂလည်း အများကြီး မရှိပေ။ အခင်း ကော်ဇောမှာလည်း အပေါက်များ ရှိနေပြီး အခန်းထောင့် ဆီမှ ကြွက်တစ်ကောင် ဖြတ်ပြေးသွားတာကိုပင် သတိပြုမိလိုက်သေး၏။ အခန်းထဲမှာက နေရောင် မဝင်ရောက်နိုင်တဲ့ နေရာတွေလိုမျိုး စိုစွတ်စွတ်နံ့ ရနေ၏။

"ခနလေးတင်တုန်းက ခင်ဗျား ပြောလိုက်တာ ကျတော်တို့ရဲ့ စိတ်ဝိဥာဉ်ကို ဘုရားသခင်ပဲ သိမြင်နိုင်မယ် ဆိုတဲ့ အကြောင်း မဟုတ်လား။ ဟုတ်ပြီလေ၊ ခင်ဗျား ဒီ ဖုံးထားတဲ့ ခန်းဆီးစကို ဖယ်လိုက်ရင် ကျတော့်ရဲ့ စိတ်ကို ခင်ဗျား မြင်နိုင်သွားပြီ။" ဒိုရီယန်က ပြောလိုက်၏။

ဒိုရီယန်ရဲ့ စကားသံထဲတွင် ထူးဆန်းတဲ့ မောက်မာမှုကို ဘာဆေးလ် နားမလည်နိုင်အောင် ဖြစ်နေမိ၏။ သူ အနည်းငယ် တုံ့ဆိုင်းနေမိတော့...

ဒိုရီယန်ဂရေး ရဲ့ ပုံတူပန်းချီကား(Completed)حيث تعيش القصص. اكتشف الآن