Chapter Two - ဒိုရီယန်ဂရေး

684 59 3
                                    


Zawgyi

-----------

Chapter Two – Dorian Gray (ဒိုရီယန္ဂေရး)

ဒိုရီယန်ဂရေးက စန္ဒရားခုံမှာ ထိုင်နေသည်။ တံခါးဘက်ကို ကျောခိုင်းထားသောကြောင့် သူ့နောက်က ခြေသံများကိုသာ ကြားရပြီး Lord Henry နှင့် Basil တို့ အခန်းတွင်း ဝင်လာတာကို သူ မမြင်ပေ။

"Basil, ခင်ဗျား ကျတော့်ကို ဒါတွေ ငှားပါ။ ကျတော် သင်ချင်လို့။" ဂီတသင်္ကေတ စာရွက်အချို့ကို ကိုင်ရင်း ပြောလိုက်သည်။

"ရတယ်လေ။ ဒါက ပန်းချီအတွက် မင်းဘယ်လိုကောင်းကောင်း ထိုင်ပေးမလဲ ဆိုတာပေါ် မူတည်တယ်။ " Basil က ပြန်ပြောလေသည်။

"ကျတော် ထိုင်ရတာ ငြီးငွေ့နေပြီ။ ပန်းချီအတွက် ကိုယ်ဟန်ပြ မလုပ်ချင်တော့ဘူး။ " Dorian က ညည်းတွားရင်း ကျတော်တို့ဘက်ကို မျက်နှာမူလိုက်သည်။

"အိုး!!!! အဖော်ပါလာတာ ကျတော့်ကို မပြောဘူး။"

"သူက Lord Henry Wotton ပဲ Dorian ။ ကိုယ့်ရဲ့ သူငယ်ချင်းဟောင်းပဲ။ ကိုယ်အခုပဲ မင်းက ပန်းချီဆွဲဖို့ အရမ်းကောင်းတဲ့ အကြောင်းအရာကြီး ဖြစ်တဲ့အကြောင်း ပြောနေတယ်။ မင်းက ကနဦးအမြင်ကို ဖျက်ဆီးပစ်လိုက်ပြီ။ " Basil က သူတို့နှစ်ယောက်ကို မိတ်ဆက်ပြောလေး ပြောလိုက်သည်။

"ကျတော့် အမြင်မှာတော့ အနှောက်အယှက် မဖြစ်ပါဘူး Mr Gray ။ ခင်ဗျားက ကျတော့်အဒေါ် Lady Agatha ရဲ့ အလေးပေး ခံရတဲ့သူ ဆိုတာ သိပါတယ်။ " Dorian ရဲ့ လက်ကို ဆွဲကာ နှုတ်ဆက်ရင်း ပြောသည်။

"ဒါပေမဲ့ သူ(မ) အခု ကျတော့်ကို မကြိုက်တော့ဘူးထင်တယ်။ ခင်ဗျားသိလား။ ကျတော် သူနဲ့အတူ စန္ဒရား နှစ်ယောက်တွဲတီးဖို့ ပြောထားတာ ကျတော်မေ့သွားတယ်လေ။"

"အဒေါ် Agatha စန္ဒရား ရှေ့ထိုင်လိုက်ပြီဆိုရင် နှစ်ယောက်စာ နားငြီးစေဖို့ လုံလောက်ပါပြီ။ " Lord Henry ရဲ့ ပြက်လုံးက Dorian ကို ရယ်မောစေသည်။

Dorian ရယ်နေတုန်းမှာ Lord Henry က အကဲခတ်နေခဲ့သည်။ (ဟုတ်တယ်။ သွေးရောင်ရဲနေတဲ့ နှုတ်ခမ်းကွေးကွေး၊ ပွင့်လင်းပုံရတဲ့ မျက်လုံးပြာပြာ၊ ရွှေရောင်ဆံပင်ခွေခွေ တွေနဲ့ သူက တကယ့်ကို ချောမောလွန်းနေတယ်။ သူ့ကို တခါတည်းနဲ့ ယုံကြည်စေနိုင်တဲ့ မျက်နှာပိုင်ရှင်ပဲ။ မပြောင်းလဲနိုင်တဲ့ နုပျိုခြင်းတွေ အားလုံး ရှိနေသလိုပါပဲ။ Basil Hallward က သူ့ကို အလေးထား မြတ်နိုးနေတာ အံ့သြစရာ မရှိတော့ပါဘူး။ )

ဒိုရီယန်ဂရေး ရဲ့ ပုံတူပန်းချီကား(Completed)Where stories live. Discover now