GOG - Part 178

847 108 0
                                    

အပိုင်း ( ၁၇၈)
“ထောင်လွှား မောက်မာမှု”
Translator: Sparrow Tranlations  Editor: Sparrow Translations

နန်းတော်က ရုံးတော် သားတွေက ကောင်လေး တစ်ယောက်ကို ကြောက်နေတယ်လား။

ဒါက တော့ ကြည့်လိုက်တာနဲ့ သိနိုင် ပါတယ်။ ဒါပေမယ့်လည်း  အကယ်၍ ဒီကောင်လေးရဲ့ မျိုးရိုးနာမည်ကသာ နန်ကုန်း ဖြစ်ခဲ့မယ် ဆိုရင် သူတို့ရဲ့ အတွေးဟာတော့ နန်ကုန်း မျိုးနွယ်က ထွက်ပေါ်လာခဲ့တဲ့  အဖိုးမဖြတ်နိုင်တဲ့ ဥာဏ်ကြီးရှင် တစ်ဦးကို သတိရမိမှာ အမှန်ပါပဲ။

ချီကူယန်နဲ့ အတူ ထွက် ပေါ်လာတဲ့ ဥာဏ်ကြီးရှင်။

ကြီးမြတ်သော ရှ မင်းဆက်ရဲ့ အံ့ဖွယ် တစ်ခု ဖြစ်တဲ့ နန်ကုန်းဟောင်။

သူတို့ ရှေ့မှောက်က လူဟာ နန်ကုန်းမု ဖြစ်နေတယ်။. နန်ကုန်းဟောင်ရဲ့ ညီငယ်လေး။

ဖန်ကျန်း၇ှီနဲ့ ရန်၇ွှယ်ဟာ နှင်းမဟူရာ မြင်းတွေကို စီးရင်း တည်းခိုခန်းကို ရောက်၇ှိ လာခဲ့တယ်။  သုတို့၇ဲ့ မြင်းတွေကို မြင်းဇောင်းထဲ ပို့နေချိန်မှာပဲ  လမ်းတွေပေါ်မှာ လူ ထူထပ်လွန်းလှတာကို သတိ ပြုမိသွားတယ်။ ခြေသံတွေ များပြားလာတာနဲ့ အများစု ဟာ တစ်နေရာတည်းကို ဦးတည် သွားနေတာကြတာ ကို သူတို့ ကြားနေရတယ်။

နေရာကတော့ ထုံးစံ အတိုင်း တော်ဝင်ကျောင်းတော် ပဲ ဖြစ်တယ်။

ဒီနေ့ကတော့ အတွေးအခေါ် စာမေးပွဲရဲ့ ရလဒ်ကို ထုတ်ပြန်မယ့် နေ့ဖြစ်တယ်။  ယန်မြို့တော်ရဲ့ လေထုကတော့ အတော်လေးကို လေးလံ သိပ်သည်းနေခဲ့တယ်။ ဒါပေမယ့်လည်း ဖန်ကျန်းရှီ ပေါ်ကို တော့ သက်ေ၇ာက်နိုင်စွမ်း ရှိဟန် မထင်။ သူဟာတော့ ထုံးစံ အတိုင်း အေးဆေး သက်သာ နေခဲ့တယ်။

တူညီစွာနဲ့ပဲ ရန်၇ွှယ် ဟာလည်း  စိတ်လှုပ်၇ှားမှု အရိပ်အယောင်တောင် မပ်ြဘူး ဖြစ်တယ်။ သူ့ရဲ့ စိတ်ဟာတော့ မိမိကိုယ်ကို ဆန်းစစ်နေ ဟန်ပါပဲ။ အတွေးအခေါ် စာမေးပွဲရဲ့ အဆုံးက နေ အခု ချိန်ထိ သူဟာ အပြန်ပြန် အလှန်လှန် တွေးတော ဆင်ခြင် နေခဲ့တယ်။

အပြန်လမ်းမှာ တုန်းကလည်း  နှစ်ဦးသား  စကားအချို့ကို သာ ပြောဖြစ်ခဲ့ကြတယ်။

နတ်ဘုရားမုခ်ဝ အတွဲ ၁ နတ္ဘုရားမုခ္ဝ အတြဲ ၁Donde viven las historias. Descúbrelo ahora