GoG - Part 140

1.6K 229 27
                                    

ဖန်ကျန်းရှီနဲ့ ရန်ရွှယ် ကိုပဲ ပေးစားချင်နေပါပြီ။ (1.1.2019)

အပိုင်း ( ၁၄၀)
“ ကောင်းကင်ရတနာ ခန်းမ”
Translator: Sparrow Translations  Editor: Sparrow Translations

နောက် တစ်နေ့ မနက်မှာတော့ လေညှင်းသွဲ့သွဲ့လေးဟာ ကောင်းကင်နဲ့ မြေကြီးကြားမှာ ပြေးလွှားနေခဲ့တယ်။

အပြာရောင်  ၀တ်ရုံကို ၀တ်ထားတဲ့ ဖန်ကျန်းရှီကတော့  နတ်ဆိုးကျောင်းတော်ထဲမှာ ရပ်၇င်း သူ့ေ၇ှ့က မြင်ကွင်း ကို ကြည့်နေပါတယ်။ သူ့ရဲ့ အမူအယာကတော့  မယုံနိုင်ခြင်းတွေနဲ့ ပြည့်နှက်နေခဲ့တယ်။

“ ဒါ … ဒါက ကောင်းကင်ရတနာခန်းမလား။”

“ ဟုတ်တယ်။ ဒါက ကောင်းကင်ရတနာ ခန်းမပဲ။ ကောင်းကင်ကနေပေးအပ်လိုက်တဲ့ အရာ ဖြစ်တယ်။ ကြီးမြတ်သော ရှ မင်းဆက်ကို  စတင်တည်ထောင်စဉ် အချိန်မှာ မှာ ဒီ နန်းတော်ကို တည်ဆောက်ခဲ့တယ်။ ငါ့ ဘိုးဘေးရဲ့ ဥာဏ်ပညာ မြင့်မားမှုနဲ့ ရှေ့ရေးမျှော်မြင် တတ်မှုကြောင့် ဒီ နန်းတော်ကို ကာကွယ်ဖို့ တာဝန်ပေးခံရတယ်။  ဒီနေ့မှာတော့ နတ်ဆိုးကျောင်းတော်က မြဲမြံစေတာဖြစ်တယ်။ ”  ခရမ်းရောင် ၀တ်စုံ ၀တ်ထားတဲ့ ချီဟို့ကတော့ သူ့ဘေးမှာ ရှိနေတဲ့ အရာကို ညွှန်ပြရင်း ပြောနေတယ်။

ချီဟို့ ညွှန်ပြ နေတဲ့ အရာကတော့

တစ်မီတာလောက်မြင့်တဲ့ မဟူရာရောင် ကျောက်တုံး ရှိနေတယ်။ စေတီနဲ့ တူညီနေသလို အောက် ဘက်မှာ ကျယ် ပြန့်ပြီး  တော့ အပေါ်ဘက်မှာတော့ ကျဉ်းသွားခဲ့တယ်။ တွန့်ခေါက်နေတဲ့ မျက်နှာပြင်ပေါ်မှာတော့ စက်ဝိုင်းတွေနဲ့ မြောင်းတွေ ရှိနေပြီးတော့ အလွှာ တစ်ခုချင်းစီ ခွဲထားခဲ့တယ်. ။

အနီးကပ် သေချာ ကြည့်မယ် ဆိုရင် ကျောက်တုံးရဲ့ ထိပ်မှာ အရမ်းကို ထူးဆန်းတဲ့ ရုပ်ပုံလွှာတွေ ရှိနေခဲ့တယ်။

စေတီ တစ်ဆူနဲ့ တူပေမယ့်လည်း စေတီ မဟုတ် ။ မျှော်စင်နဲ့ တူပေမယ့်လည်း မျှော်စင် မဟုတ်။ ရုပ်ပုံလွှာရဲ့ အလယ်မှာတော့ အလွန်ကို ထင်ရှားတဲ့ စာလုံးတွေ ရှိနေတယ်။ “ ရတနာ” ။ ဒီ စကားလုံးရဲ့ အောက်မှာတော့ ထူးဆန်းတဲ့ သင်္ကေတတွေ ရှိတဲ့ စက်ဝိုင်း တစ်ခု ရှိနေတယ်။

နတ်ဘုရားမုခ်ဝ အတွဲ ၁ နတ္ဘုရားမုခ္ဝ အတြဲ ၁Where stories live. Discover now