GOG - Part 141

1.4K 199 7
                                    

readernim လေးတို့ရေ authorရဲ့ ဖုန်း ပြန်ရပြီမို့ ဒီနေ့ကစပြီး အပိုင်းသစ်ပုံမှန်လာမှာပါနော်။

https://m.facebook.com/story.php?story_fbid=335045517087689&id=316284305630477

ဒါလေးကတော့ GOG ရဲ့ fb pageလေးပါ likeကြပါနော်။ 4K ပြည့်ဖို့ သိပ်မလိုတော့တာမို့ပါ။

အပိုင်း ( ၁၄၁)
“ အရာအားလုံး ဖြစ်တည်မှုရဲ့  ပဲ့တင့်သံ”
Translator: Sparrow Translations  Editor: Sparrow Translations

ဖန်ကျန်းရှီနဲ့ ရန်၇ွှယ်  က ဒါကို သိတယ်။  လုယွီရှန်းကတော့ သူတို့ သိနေမယ်လို့ မထင် ခဲ့ ဘူး။  ဒါကြောင့် ဖန်ကျန်းရှီ  သူ့ကို တိုက်ခိုက် လာမှာကိုသာ စောင့်နေခဲ့တယ်။ 

အဲ့ဒီ့နောက် ဖန်ကျန်းရှီ က တကယ်ပဲ တိုက်ခိုက်ခဲ့တယ်။

အရာအားလုံးကတော့ လုယွီရှန်း စီစဉ်ထားတဲ့ အတိုင်း ဖြစ်လာခဲ့တယ်။ ဒါ့အပြင် ရန်၇ွှယ်ပါ တိုက်ခိုက်လာခဲ့တယ်။ 

တောက်ပတဲ့ နေ၀န်းနီနဲ့ တောက်ပတဲ့ ငွေလမင်းဟာ လေထုထဲမှာ ပေါ်ထွက်လာပြီးတော့ ပတ်ဝန်းကျင် တစ်ခုလုံးကို လင်းထိန်စေတယ်။ အနီရောင်နဲ့ အဖြူရောင် အလင်းတန်းတွေ ဟာ ထူးဆန်းတဲ့ ပုံစံတွေကို လေထုထဲမှာ ဖန်တီးပေးတယ်။

အဲ့ဒီ့နောက် အနီ နဲ့ အဖြူရောင် အလင်းတန်းတွေဟာ တစ်ခုကို တစ်ခု ဖြတ်ကျော်သွားပြီးနောက် လုယွီရှန်းဆီကို ဥိးတည်လာတော့တယ်။

ဒီ တိုက်ခိုက်မှုရဲ့ အငွေ့အသက်တွေ ဟာ လေထုကို ခွဲခြားနိုင်တဲ့ အထိ အင်အား ပြင်းထန်ခဲ့တယ်။

လုယွီရှန်းကတော့ နှာခေါင်းရှုတ်လိုက်တော့တယ်။

သူ့ရဲ့ အပြုံးကတော့ စိတ်ပျက်ပြီးတော့ ထီမထင်တဲ့ အပြုံးဖြစ်တယ်။

အကယ်၍ လွန်ခဲ့တဲ့ တစ်ရက်တုန်းက သာ ဒါကို တွေ့ခဲ့မယ် ဆိုရင် သူ ထိတ်လန့်မိမှာ အမှန်ပဲ။ သူ့ရဲ့ ပြိုင်ဘက်က ကြယ်တာရာ စုဝေးမှု ထိပ်တန်း အဆင့်ကို ရောက်နေပြီဖြစ်တာကြောင့်ပဲ ဖြစ်တယ်။

ဒါ့အပြင် ။

နောက်ပြီးတော့ ကြယ်တာရာ စုဝေးမှု အဆင့် နှစ်ဦးရဲ့ ပေါင်းပြီးတော့ တိုက်ခိုက်မှု။

နတ်ဘုရားမုခ်ဝ အတွဲ ၁ နတ္ဘုရားမုခ္ဝ အတြဲ ၁Where stories live. Discover now