GOG - part 117

1.8K 325 8
                                    

အပိုင်း (၁၁၇)
“ကြောက်ရွံ့မှုကို လုံလုံလောက်လောက် ကြီးထွားစေခြင်း”
Translator: Sparrow Translations  Editor: Sparrow Translations

….. စင်မြင့်ပေါ်မှာတော့ အရိပ်တွေဟာ လှုပ်၇ှား ရိုက်ခတ်နေတော့တယ်။

တစ်ခဏ ကြာပြီးနောက်မှာတော့ အရိပ်တွေဟာ ပျောက်ကွယ်သွားတော့တယ်။ ဖန်ကျန်းရှီကတော့ ရန်တန့်လိုက်ပြီး ရန်၇ွှယ်ကို တိတ်ဆိတ်စွာပဲ ကြည့်နေတော့တယ်။ ကျောင်းသားကောင်း တစ်ယောက် လိုပဲ နာခံနေတော့တယ်။

“အနည်းဆုံး ၆၀ ရာခိုင်နှုန်း ” ရန်၇အယ်က ပြောလိုက်တယ်။

“ကျေးဇူးတင်ပါတယ်။ ” ဖန်ကျန်းရှီက ရန်၇ွှယ်ကို လေးလေးစားစား ဦးညွှတ်လိုက်တယ်။

“ငါမင်းကို ဘာမှ မသင်ပါဘူး။”

“ဒါဆို ဆက်ပြီး သွားရအောင်၊”

“ကောင်းပြီလေ။”

နောက်ဆုံးမှာတော့ လူနှစ်ဦးဟာ မျက်လုံးချင်း ဆုံမိကြတော့တယ်။ ပလ္လင်ပေါ်က အခြေအနေကတော့ မူလ အစ အခြေအနေကို ပြန်ရောက်သွားတော့တယ်။ ဘာကမှ
မဖြစ်ခဲ့သလိုမျိုး  အ၇ိပ်တွေဟာလည်း မလှုပ်ရှားခဲ့သလိုမျိုး ရပ်တန့်သွားတော့တယ်။

“ငါ နောက်ထပ် သုံးမယ့် ဓားပညာက ပထမတစ်ခုနဲ့ မတူဘူး။ သင်ယူဖို့ ခက်လိမ့်မယ်။” ရန်ရွှယ်က ပြောလိုက်တယ်။

“ကြည့်ရတာ ဒီ ဓားပညာက အတော်လေး အင်အားပြင်းထန်မယ့် ပုံပဲ။” ဖန်ကျန်းရှီက ခန့်မှန်းလိုက်တယ်။

“အရမ်းကို အင်အားပြင်းလွန်းတယ်။ ငါ ဒါကို မကြိုက်ဘူး။”  ရန်၇ွှယ်က ဆက်ပြောလိုက်တယ်။

“မကြိုက်ဘူး။” ဖန်ကျန်းရှီက ရန်ရွှယ်ပြောချင်တာကို နားမလည်ပါဘူး။ ဒါကို မကြိုက်တာတောင် ဆရာတစ်ဆူ ဖြစ်အောင် ထိ ကျွမ်းကျင်တယ်။ ဒါဆို ဒီ ဓားပညာက
ရန်မိသားစုတွေ အတွက် သီးသန့်သင်ကြားထားတာ ဖြစ်မယ်။

“ဒီ ဓားနည်းပညာက နေမင်းလို တောက်ပတယ်။  မီး  အလင်း လေ နဲ့  တခြား တာအို နည်းလမ်းသုံးမျိုး ကို အသုံးချထားတယ်။       နောက်ပြီး ဒီ ပညာရပ်မှာ
သတ်ဖြတ်ချင်း နည်းလမ်း။ တာအို အဇူရာတွေကို အသုံးချထားတယ်။ ” ရန်၇ွှယ်ကပြောပြီးတဲ့ နောက်မှာတော့ေ၇ွ့လျားတော့တယ်။

နတ်ဘုရားမုခ်ဝ အတွဲ ၁ နတ္ဘုရားမုခ္ဝ အတြဲ ၁Where stories live. Discover now