GOG - Part 5"နှင်းပွင့်လေးလို လွင့်မျောလိုက် "

3.1K 382 0
                                    

Unicode
အပိုင်း(5) အပိုဒ်(1)

#နတ်ဘုရားမုခ်ဝ

#ဖန်ကျန်းရှီ

#GOG

အပိုင်း (၅)  အပိုဒ်(၁)

"နှင်းပွင့်လေးလို လွင့်မျောလိုက် "

လေတချက်ဝှေ့လိုက်တာကြောင့်  စစ်သည် ၈ဦး သယ်ဆောင်လာတဲ့ အရာကို ဖုံးအုပ်ထားတဲ့ အဝတ်စဟာ လွင့်စင်သွားခဲ့တယ်။ ဖန်ကျန်းရှီ ရဲ့ မျက်လုံးထဲမှာတော့ ကြယ်တွေလတွေ မြင်ရသလို ပျိုးပျိုးပြက်ပြက်အလင်းရောင်ကြောင့် မူးမိုက်ကာ ခေတ္တမျှ အမှောင်ကျသွားတယ်။ တကယ်တမ်းမှာတော့ ဝင်းလက်တောက်ပလွန်းလှတဲ့ ရွှေရောင်အလင်းတန်းတွေကြောင့် မျက်စိ ကျိန်းစပ်သွားတာပဲဖြစ်တယ်။

နေရောင်ရဲ့ ရိုက်ခတ်မှုကြောင့် ဖြာကျလာတဲ့ ရွှေရောင်ပြန်လင်းတန်းတွေဟာ ထည်ဝါလွန်းလှတယ်။

"အားလုံး တိတ်ကြစမ်း"

အုတ်အော်အော်သောင်းနင်း ဖြစ်နေတဲ့ ဒီအချိန်မှာ ဆေးတံကြီးကိုခဲထားတဲ့ ရွာသူကြီဟာ မုတ်ဆိတ်ကြီးကို ပွတ်သပ်ရင်းပေါ်လာတယ်။

"တောင်ဘက်တောင်ရွာသူကြီး ကျွန်တော်မျိုး မုန့်ပိုင် (Meng Bai) နတ်ဆိုးကျောင်းတော်မှ ဂုဏ်သရေရှိ ဧည့်သည်တော်များကို ကြိုဆိုပါတယ်။"

"ငါတို့မှာ အချိန်သိပ်မရှိဘူး။ လူစုံရင် အခုပဲ စတင်လိုက်ရအောင်!" ထူးခြားအံ့ချီးဖွယ် ပစ္စည်းရဲ့ဘေးကနေ ထွက်လာတဲ့ မဟူရာသံချပ်ကာကို ဆင်မြန်းထားတဲ့ လူကြီးဟာ ရွာသူကြီးကို စိတ်မရှည်စွာနဲ့ ပြောလိုက်တယ်။ 

" ဟုတ် ဟုတ်ကဲ့ ဒီအဖိုးကြီး အမြန်ဆုံး လုပ်ပေးပါမယ်။ စစ်သေနာပတိ လီ စင်ပေါ်ကို ကြွပါခင်ဗျာ" ရွာသူကြီး မုန့်ပိုင်က ပြုံးစစလေးနဲ့ ပြောလိုက်တယ်။

"ကောင်းပြီ" စစ်သူကြီးလီဟာ ခေါင်းငြ်ိမ့်လိုက်ရင်း စစ်သည်၈ ဦးဘက်ကို လှည့်ကာအော်လိုက်တယ်။

"ဒီနားယူလာခဲ့ "

"အမိန့်အတိုင်းပါ" စစ်သည်တွေဟာ တညီတညွတ်တည်း ပြန်ဖြေကြရင်း ထိုပစ္စည်းကို စင်ပေါ်တင်လိုက်ကြတယ်။

နတ်ဘုရားမုခ်ဝ အတွဲ ၁ နတ္ဘုရားမုခ္ဝ အတြဲ ၁Where stories live. Discover now