GOG - Part 109

1.8K 293 5
                                    

အပိုင်း (၁၀၉)
“ဖြောင့်မှန် မြင့်မြတ်။ အဆင့်အတန်းမြင့်”
Translator: Sparrow Translations  Editor: Sparrow Translations

“ အာ့ ။” ခိုင်ယွင်ဖုန်း ရဲ့ အော်ညည်းသံ ထွက်လာတယ်။  အဆုံးထိ တွေးတောပြီးတဲ့နောက်။ သူ့ရဲ့ ရှုံးနိမ့်မှုကို တကယ်ပဲ မတွေးတော နိုင်တော့ဘူး။ ဒေါသတစ်ခုတည်းသာ ခေါင်းထဲမှာ ကြီးစိုးလာတော့တယ်။ အရာအားလုံး မှောင်အတိကျသွားတော့တယ်။ မပီဝိုးတ၀ါး မြင်ကွင်းတွေဟာေ၀၀ါးလာတော့တယ်။

“ဟူးးး  ဒီလူရဲ့ စိတ်က ပျော့ညံ့လိုက်တာ။” ဖန်ကျန်း၇ှီကတော့ သက်ပြင်းချရင်း ခေါင်းခါယမ်းလိုက်တယ်။

ဒီအချိန်မှာပဲ ကောင်းကင်ကနေ အသံတွေ ထွက်လာတော့တယ်။

“ဖန်ကျန်းရှီ ။ အောင်မြင်။”

“ခိုင်ယွင်ဖုန်း ။ ကျရှုံး ”

“လီ…. ။ ကျရှုံး”

“….”

စာဖြေသူတွေက ဒီ အသံကို ကြားချိန်မှာတော့ ခိုင်ယွင်ဖုန်း တကယ်ပဲ ရှုံးနိမ့်သွားပြီ။ ဒီ တိုက်ပွဲကြောင့် ဖန်ကျန်းရှီဟာလည်း ပုန်းကွယ်နေသော နဂါး အဆင့် ၅၆ နေရာကို အလိုလို ၀င်သွားပြီ ဖြစ်တယ်။

ရွာငယ်လေးက လူငယ်လေး တစ်ယောက်ဟာ ပုန်းကွယ်နေသော နဂါး အဆင့် ၅၆ ဖြစ်သွားခဲ့ပြီ။

တကယ့်ကို ထိတ်လန့်စရာသတင်းပဲ။

အလွန်လျင်မြန်စွာနဲ့ပဲ ဖန်ကျန်းရှီရဲ့ ရှေ့မှာ မဟူရာ တံခါးတစ်ခု ပေါ်လာတော့တယ်။

ဖန်ကျန်းရှီကတော့ တံခါးကို ကြည့်ရင်း ပြုံးလိုက်ပြီး ၀င်သွားလိုက်တော့တယ်။ ဒီ တံခါးကို ဖြတ်သန်းဖို့အတွက် သူ နည်းလမ်း အများကြီး တွေးထားခဲ့တယ်။ ပိုက်ဆံအကုန်ကျများတဲ့ နည်းတွေက အတော်လေးကို ခေါင်းထဲပေါ်လာခဲ့တယ်။

ဥပမာအားဖြင့် - စာဖြေသူတွေကို ငွေသားတွေ ပေးပြီးတော့ အမြင့်ကို အတူတူ ခေါ်သွားမယ်ဆိုတာမျိုးပေါ့။ စသည်ဖြင့်။

ကံမကောင်းစွာနဲ့ပဲ။

ဒါက တာအို နိယာမ စာမေးပွဲဖြစ်တယ်။ သူသာတကယ်ပဲ ဒီလို လှည့်စားမှုမျိုးကို သုံးလိုက်ရင် နောင်တစ်ချိန်မှာ အထိနာမှာ သူပဲ ဖြစ်တယ်။

နတ်ဘုရားမုခ်ဝ အတွဲ ၁ နတ္ဘုရားမုခ္ဝ အတြဲ ၁Where stories live. Discover now