GOG - Part 126

1.9K 263 2
                                    

124ကို အပေါ်ပိုင်းမှာ ပြန်ဖြည့်ထားပါတယ်

အပိုင်း ( ၁၂၆)
" ကောင်းကင်ကို ခုန်လွှားနေသော ငါး"
Translator: Sparrow Translations Editor: Sparrow Translations
...

လမ်းတစ်လျှောက်မှာတော့ သွားလာခဲ့တဲ့ နေရာ မှန်သမျှကို ပျော်ရွှင်စွာနဲ့ပဲ ဖြတ်သန်းခဲ့တယ်။

မြောက်ပိုင်း ဒေသ မြို့တော်ကြီး ငါးခုမှာ တစ်ပြိုင်နက်တည်း ကျင်းပတဲ့ မြို့တော် စာမေးပွဲ ဖြစ်တဲ့ အတွက် တစ်ချိန်တည်းမှာပဲ ဂုဏ်ပြု အသင်းတွေ ဟာဒေသ များစွာနဲ့ ရွာပေါင်း များစွာကို ဖြတ်သန်းပြီးတော့ သတင်းကောင်းကို ကြေညာဖို့ သွားပြီ ဖြစ်တယ်။

ဘယ်လို ကြီးမားတဲ့ ဒေသမှာ ဖြစ်စေ။ အနည်းဆုံး တော့ ကျောင်းတော်သား တစ်ယောက် ဟာ မြို့တော် စာမေးပွဲကို ဖြတ်ကျော် နိုင်ကြတယ်။

နောက်ပြီးတော့ ။ ဒေသမြို့တော်ကြီးတွေရဲ့ မြို့တံတိုင်းမှာ ပြန်လာတဲ့ ကျောင်းတော်သားတွေကို စောင့်ကြိုနေတဲ့ အဖွဲ့ တစ်ဖွဲ့ အမြဲ ရှိတယ်။ ဒါ့အပြင် အထူးပွဲတွေကို ဂုဏ်ပြုကျင်းပ ပေးသူ တစ်ချို့ လည်း ရှိတယ်။

ဥပမာ အားဖြင့် အကျော်ကြားဆုံး သော ကစားနည်းတွေ ဖြစ်တဲ့ မီးအိမ် စကားထာ ဒါမှ မဟုတ် လှပျိုဖြူလေးတွေကို ပလ္လင်ပေါ်မှာ ထင်ထားပြီးတော့ လက်ထပ်နိုင်ဖို့ အတွက် ယှဉ်ပြိုင်ရတာတွေ ။ တိုက်ခိုက်ရေး ပြိုင်ပွဲတွေပါ ရှိတယ်။

လမ်းတစ်လျှောက် လုံးမှာတော့ ဖန်ကျန်းရှီက ရပ်နားလိုက် ပွဲတော်တွေ ၀င် ဆင်နွဲလိုက်။ ပွဲတော် တွေ မှာ စားသောက်လိုက် ရပ်နားလိုက် လုပ်ရင်းနဲ့ သိပ်ကို ပျော်ရွှင် အေးဆေးနေခဲ့တယ။် ထုံးစံ အတိုင်း မီးအိမ် စကားထာတော်တော်များများကို ခန့်မှန်းနိုင် ပြီးတော့ မနာလိုတဲ့ အကြည့်ပေါင်း များစွာ အောက်မှာ ကြင်နာနေတဲ့ အတွဲပေါင်းများစွာကိုလည်း ဖျက်လို ဖျက်ဆီး လုပ်ခဲ့သေးတယ်။

မီးအိမ် စကားထာနဲ့ ချစ်ကြည်နူးနေကြတဲ့ စုံတွဲတွေက ကော ဆက်စပ်မှု ရှိလို့ လား။

တကယ်တမ်းတော့ မှန်နေပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဖန်ကျန်းရှီရဲ့ စိတ်ကြိုက် စကားထာကတော့ ဘယ်လို ကောင်လေးနဲ့ ကောင်မလေးက မီးအိမ် ကို ရွေးချယ်မှာလဲ ဆိုတာပဲ ဖြစ်တယ်။ နောက်ပြီးတော့ ကောင်မလေးက ဒီ မီးအိမ်ကို " လိုချင်တယ်။လိုချင်တယ်။..." လို့ အော်လိုက်ရင်

နတ်ဘုရားမုခ်ဝ အတွဲ ၁ နတ္ဘုရားမုခ္ဝ အတြဲ ၁Where stories live. Discover now