GOG - Part 131+132+133

2K 241 23
                                    

3ပိုင်း ပေါင်းပြီး update ပါတယ်။ Author စီးပွားရေး အလုပ်တွေ လက်ခံထားတာ များနေတဲ့အတွက် webtoon ကတော့ မသေချာပါဘူး ။

အပိုင်း ( ၁၃၁ )
" ထူးဆန်းတဲ့ ထောင့် "
Translator: Sparrow Translations Editor: Sparrow Translations

အဲ့ဒီနောက် သူ့ရဲ့ ခြေထောက်တွေ ဟာတော့ နတ်ဆိုးကျောင်းတော်ကို သွားတဲ့ လမ်းတစ်ဝက်မှာ ပဲ ရပ်တန့်သွားတော့တယ်။

ချီကူယန် ပြန် လာပြီ။

ဖန်ကျန်းရှီ ရုတ်တရက် ဆိုသလို နွေခေါင်ခေါင်မှာ မိုးကြိုးပစ်ခံ လိုက်ရသလို ခံစားလိုက်ရတော့တယ်။ သူမက ကောင်းကင်တာအို မှာ နေဖို့ ကတိပြုထားတာ မဟုတ် ဘူးလား။ လူတွေ ကြားက သစ္စာ ဘယ်မလဲ။

ဒါဆို...

ငါ အခု ပြေးရတော့မှာလား။

" သခင်လေးဖန်။ အထဲကို ကြွပါ။ သခင်မလေးက သခင်လေးကို အထူး ခေါ်ဆောင် လာဖို့ သီးသန့် အမိန့်တော် ချထားပါတယ်။ " အစေခံဟာ ဖန်ကျန်းရှီ ရပ်တန့်သွားတာကို မြင်ချိန်မှာတော့ အနည်ငယ် စိတ်ရှုပ်သွားတော့တယ်။

အစေခံ ဟာ ဖန်ကျန်းရှီ ပေးတဲ့ လက်ဆောင်တွေကြောင့် ရယ်ချင်နေပင်မယ့်လည်း ဖန်ကျန်းရှီကိုတော့ မလှောင်ရယ် ၀ံ့ပါ ဘူး။ အနည်းဆုံးတော့ သူက ယုံကြည်မှု မြစ် မြို့တော်က နှစ်ထပ်ကွမ်း ချန်ပီယံ တစ်ယောက်ဖြစ်နေတယ်။

ဒါအပြင် ချီကူယန်ကလည်း သခင်လေး ဖန်ကို စိတ်အနှောက်ယှက်ဖြစ်အောင် မလုပ်ရဘူးလို့ တင်းတင်း ကြပ်ကြပ် အမိန့်ချထားတယ်။

ဒါကြောင့်သာ မဟုတ်ရင်။ သူလို အစေခံ ငယ်လေးက စစ်နတ်ကျောင်းတော် ကိုးယောက်မြောက်သား လုယွီရှန်းေ၇ှ့မှာ ဖန်ကျန်းရှီရဲ့ စကားလုံးတွေကို မကဲ့ရဲ့ပဲ နေမှာလဲ။

ဖန်ကျန်းရှီကတော့ လှည့်လာတော့တယ်။ ချီကူယန်က သူ့ အတွက် အထူး အမိန့်ချထားတယ်။

တစ်ခုခုတော့မှားနေပြီ။

ဒါပေမယ့် သူ လှည့်လိုက်တဲ့ အချိန်မှာပဲ လုယွီရှန်း ဟာ ဖန်ကျန်းရှီ ရှေ့မှာ ပေါ်လာခဲ့တယ်။

" သခင်လေး ဖန်။ မ၀င်ရဲ ဘူးလို့တော့ ကျွန်တော် မထင်ပ ဘူး။" လုယွီရှန်းရဲ့ နှုတ်ခမ်းပေါ်မှာတော့ အေးစက်တဲ့ အပြုံး တစ်ခု ၇ှိနေတော့တယ်။ ချီကူယန် က သူ့ရှေ့က သူကို အင်မတန် မုန်းမှန်း သူကောင်းကောင်း သိ တာ ကြောင့်ပဲ ဖြစ်တယ်။

နတ်ဘုရားမုခ်ဝ အတွဲ ၁ နတ္ဘုရားမုခ္ဝ အတြဲ ၁Where stories live. Discover now