GOG - Part 107

1.8K 293 4
                                    

အပိုင်း (၁၀၇)
“အပြည့်အ၀ ထိန်းချုပ်မှု”
Translator: Sparrow Translations  Editor: Sparrow Translations

“မင်း အတွေးအခေါ် စာမေးပွဲမှာ သုံးခဲ့တဲ့ ငတုံးကြီးကို မှတ်မိသေးလား။” ဖန်ကျန်းရှီက  ခိုင်ယွင်ဖုန်း မျက်နှာကို တည့်တည့်ကြည့်ရင်းပြောလိုက်တော့တယ်။  ငတုံးကြီးဆိုတဲ့ စကားလုံးကို ပြောလိုက်ချိန်မှာ အတော်လေးကို အင်အားပြင်းထန်လှတယ်။

“ဟား ဟား အဲ့တစ်ယောက်လား။ ကောင်းပြီလေ ငါသူ့ကို သုံးခဲ့တယ်။ နောက်ပြီး မင်းလည်း သူ့ကို ငတုံးလို့ခေါ်တယ်လား။” ခို်င်ယွင်ဖုန်းရဲ့ မျက်နှာမှာတော့ ခပ်ချဉ်ချဉ် အပြုံးတစ်ခု ဖြစ်ပေါ်နေတော့တယ်။  

“ဒါပေါ့။ ငါသူ့ကို သဘောမကျဘူး။ ဒါမှမဟုတ် မုန်းတီးတယ်လို့တောင် ပြောလို့ရတယ်။ ဒါပေမယ့် ကိုယ့်လိုဘ အတွက် သူများကို အသုံးချတဲ့သူတွေကိုလည်း သဘောမကျဘူး။ ” ဖန်ကျန်းရှီက ခိုင်ယွင်ဖုန်းကို ကြည့်ရင်းပြောလိုက်တော့တယ်။

“ကြည့်ရတာ ဒီအကြောင်းရင်းက မင်းငါ့ကို တိုက်ခိုက်ရတဲ့ အကြောင်းပြချက်ဖြစ်မယ်။ ဒါပေမယ့် ကျောက်တုံးမိုးနဲ့ ဒါ ဘာဆိုင်လို့လဲ။”

“ဟိုလူ တာအို စာမေးပွဲ ဖြေဆိုခွင့် ပိတ်ခံရလိုက်တယ်။”

“အဲ့တာ ဘာဖြစ်လဲ။”

“ဒါကြောင့် မင်းကိုလည်း တာအို စာမေးပွဲ ထပ်ဖြေခွင့် မပြုနိုင်ဘူး။ နောင် အနာဂတ်မှာ ဘယ်တော့မှ။”

“ကောင်းပြီလေ။ မင်းဘယ်လိုလုပ်မလဲ စောင့်ကြည့်ရသေးတာပေါ့။”  ခိုင်ယွင်ဖုန်းရဲ့ နှလုံးသားထဲမှာတော့ အတော်လေး ထိတ်လန့်နေပင်မယ့် မယုံကြည်နိုင်မှုတွေလည်း ကြီးစိုးနေပါတယ်။    
“ငါကြားတာတော့ ကျောက်တုံးမိုးကို အပြင်ဘက်က စာစစ်သူတွေ ထိန်းချုပ်ထားတယ်။ ဒါကြောင့် ကျောင်းတော်သားတွေ ထိခိုက်ဒဏ်၇ာမရနိုင်ဘူး။” ဖန်ကျန်းရှီကတော့ သူ့ကိုယ်သူ ပြောနေပါတယ်။

“မှန်တယ်။” ခိုင်ယွင်ဖုန်းက ဖန်ကျန်းရှီ ဒီအကြောင်းကို ဘာကြောင့် ပြောနေမှန်း မသိဘူး ဖြစ်နေတယ်။

“ဒါဆို ထိန်းချုပ်မှု ပျက်သွား၇င် ဘယ်လိုလုပ်မလဲ။” ဖန်ကျန်းရှီရဲ့ လေသံကတော့ သာမာန်ကိစ္စတစ်ခုကို ပြောနေသလိုမျိုးတည်ငြိမ်လှတယ်။

နတ်ဘုရားမုခ်ဝ အတွဲ ၁ နတ္ဘုရားမုခ္ဝ အတြဲ ၁Where stories live. Discover now