GOG - part 134

1.6K 261 4
                                    

အပိုင်း (၁၃၄)
“အထီးကျန် လေမုန်တိုင်းဟာ ရီမြစ်ကို အေးခဲစေတယ်”
Translator: Sparrow Translations  Editor: Sparrow Translations

ဒီ အချိန်မှာတော့  ရန်ရွှယ် ဟာ ဖန်ကျန်းရှီနဲ့ ချီကူယန်ကို စိုက်ကြည့်နေခဲ့တယ်။ သူ့ရဲ့ မျက်နှာကတော့ ထိတ်လန့်ဟန်တွေ ပြည့်နေခဲ့တယ်။  ကောင်းကင်လို မြင့်မားတဲ့ဂုဏ် အရှိန်အ၀ါနဲ့ ချီကူယန်က ဖန်ကျန်းရှီကို လာဖိတ်တာလဲ။

နောက်ပြီး  အတူတူ ထိုင်ဖို့။

ရန်၇ွှယ်က မိသားစုနောက်ခံတွေကို သိပ်ပြီးတော့ စဉ်းစားတဲ့သူ မဟုတ်ပါ ဘူး။ ဒါပေမယ့် သူ့ေ၇ှ့က  လူနှစ်ယောက်ကတော့ ….

တစ်ဦးက မြောက်ပိုင်း ဒေသ နတ်ဆိုးကျောင်းတော် မင်းသမီး ကြီးမြတ်သော ရှမင်းဆက်က နံပါတ် တစ် ကျောင်းတော်သား။ နှစ်ထပ်ကွမ်း နဂါးချန်ပီယံ။  ကြီးမြတ်သော ရှ မင်းဆက်ရဲ့ အနာဂတ် အုပ်ချုပ်သူ ဖြစ်တယ်။

တခြား တစ်ဦးကကော….။

အရမ်းကို ဝေးလံ လွန်းလှတဲ့ တော၇ွာလေးက ကျောင်းတော်သား တာအို ခန်းမကိုတောင် မ၀င်ခဲ့ရတဲ့သူ ဖြစ်တယ်။

ဒီ လူ နှစ်ယောက်က သူ ဘယ်လိုပဲ ကြည့်ကြည့် ဒါက လိုက်ဖက်တယ် လို့တော့ မထင်ဘူး ။

ဒါ့အပြင် ပိုပြီးတော့ အရေးကြီးတာက
သိပ်မကြာခင်အချိန်မှာပဲ ချီကူယန်က အပြစ်သား အတွက် အမိန့်တော်ကို  တောင် ထုတ်ထားသေးတယ်။ သူမရဲ့ အမိန့်နဲ့ စကားတွေက သက်ရောက်မှု ပြင်းထန်လွန်းတယ်။ ဒါပေမယ့် လည်း အခုချိန်မှာတော့

စိတ် အပြောင်းအလဲ က မြန်လွန်းတာ မဟုတ် ဘူးလား။

ဖန်ကျန်းရှီ က ယုံကြည်မှု မြစ် မြို့တော်လေး က နှစ်ထပ်ကွမ်း ချန်ပီယံလေး တစ်ယောက်ပဲလေ။

ဘယ်လိုပဲ ကြည့်ကြည့် ဒါကတော့ သိပ်မဟုတ်သေးဘူး။

“ သူတို့ ကြားထဲမှာ ဘယ်သူမှ မသိတဲ့ လျှို့ဝှက်ချက်များ ၇ှိနေတလား။ ”  ပထမဆုံးအနေနဲ့ သူ့ရဲ့ ဦးနှောက်ဟာ ဒီကိစ္စကို နားမလည်နိုင် ဘူးလို့ ခံစားလိုက်ရတယ်။

မြောက်ပိုင်း ဒေသ  ရုံးတော်သားတွေကတော့ ပါးစပ် အဟောင်းသား ဖြစ်နေတော့တယ်။ မြို့တော် တာအို စာမေးပွဲမှာ နှစ်ထပ်ကွမ်း ချန်ပီယံ လေး တစ်ယောက်ပဲလေ။ ဒီလောက်ထိ ကောင်းဖို့လိုလို့လား။

နတ်ဘုရားမုခ်ဝ အတွဲ ၁ နတ္ဘုရားမုခ္ဝ အတြဲ ၁Where stories live. Discover now