GOG - Part 104

1.7K 254 6
                                    

အပိုင်း (၁၀၄)
“ရုပ်ဆိုးလွန်းတဲ့ မျက်နှာကြောင့် ” Chapter 104: Face Too Ugly
Translator: Sparrow Translations  Editor: Sparrow Translations
“ အရှိန်” နောက်ဆုံးမှာတော့ တစ်ဦးဟာ တိတ်ဆိတ်မှုကို  ချိုးဖျက်လိုက်ပြီ ဖြစ်တယ်။ ။

“  ကန်ရှင်းဖျင်ရဲ့ အရှိန်က မြန်တယ်။ ရန်ရွှယ်ကတော့ တော်နေဒိုးထဲကို ၀င်လိုက်တာနဲ့ သူ့ကိုယ်ကို ပေါင်းစည်းပြီး ကန်ရှင်းဖျင်ကို တိုက်ခိုက်နိုင်တယ်။” လူတစ်ယောက်ရဲ့ ရှင်းပြမှုကြောင့်
နားလည် သွားကြတော့တယ်။

“ဒါက အရမ်း လွန်လွန်းတယ်။ မျက်တောင် တစ်ခတ်အတွင်းမှာပဲ တော်နေဒိုးထဲကို ထိုးဖောက်ဝင် လူကို ဆွဲထုတ်ပြီး ပစ်ချလိုက်တာ။  ကိုယ်ခန္ဒာနဲ့ လေကို ပေါင်းစည်း လိုက်တာ
ကန်ရှင်းဖျင်ထက် အင်အား အများကြီး စွမ်းအား မြင့်လွန်းတယ်။                        

“ဒါက စွမ်းအား တစ်ခုတည်းပဲ မဟုတ်ဘူး။  ပြိုင်ဘက်ကို တစ်ချက်တည်းနဲ့ အလဲထိုးနိုင်တာ။  ဒီလို အဆင့်မျိုးေ၇ာက်ဖို့ဆိုရင် အနည်းဆုံးတော့ နတ်ဆိုးစည်း တည်ငြိမ်မှု အဆင့်မှာ ရှိမှ ရမယ်။

“ ဒီ့ထက်တောင် ပိုပြီး အင်အားကြီးနိုင်သေးတယ်။”

  ဒီအချိန်မှာပဲ ကျောင်းတော်သားတွေ ဟာ ရန်ရွှယ်ကို စိုက်ကြည့်နေကြတော့တယ်။  ရန်၇ွှယ် အသုံးပြုလိုက်တဲ့  ပညာရပ်တွေက တကယ့်ကိုထူးခြားလွန်းတယ်။ အတွေ့အကြုံလား။ စစ်မှန်တဲ့စွမ်းအား ရှေ့မှာဆိုရင် ဒါက ပြက်လုံး တစ်ခုပဲ။

ဒါ့အပြင် ရန်၇ွှယ်ဖော်ပြထားတဲ့  ပြင်းထန်တဲ့ စွမ်းအားတိုက်ပွဲက အတွေ့အကြုံ မ၇ှိဘူးလို့ ဘယ်သူကများ ပြောရဲမှာလဲ။

အသက် ၁၆ နှစ်မှာ အိမ်က ခွာလာတဲ့ ရန်၇ွှယ်က ပုန်းကွယ်နေသော နဂါး အဆင့် ၈၀ က ကန်ရှင်းဖျင်ကို တချက်တည်းနဲ့ အလဲထိုးလိုက်တယ်။
အနည်းဆုံးတော့ နတ်ဆိုးစည်း တည်ငြိမ် ဆင့်မှာ ရှိပြီး  ဒီ့ထက်တောင် ပိုသန်မာနိုင်တယ်။

“ကန်ရှင်းဖျင် ကျရှုံး”

“ရန်ရွှယ် အောင်မြင်”

ကောင်းကင်ကနေ အသံကြီးဟာ ထွက်ပေါ်လာတော့တယ်။  ကန်ရှင်းဖျင်ကတော့ နေရာကနေ ပျောက်သွားတော့တယ်။ ရန်ရွှယ်ရဲ့ ရှေ့မှောက်မှာတော့ မဟူရာ ကျောက်နက် တံခါးတစ်ချက် ပေါ်လာတော့တယ်။

နတ်ဘုရားမုခ်ဝ အတွဲ ၁ နတ္ဘုရားမုခ္ဝ အတြဲ ၁Donde viven las historias. Descúbrelo ahora