ဘုန်းစစ်အတွက်လည်း ပထမဆုံးဆိုပေမယ့် ထိုလူဟာရှင်းသန့်ဖြစ်နေခဲ့တဲ့အတွက်ကြောင့် အတွေးများ ဝင်လာရသည်။

ကိုယ့်ကိုယ်ကိုယ်နားမလည်သေးသော်လည်း ရှင်းသန့်ကို ချစ်နေမိသည်မှာ မှန်သည်။

ဘာလို့ယောကျင်္ားလေးတစ်ယောက်ကို နမ်းလိုက်မိလည်း နားမလည်ပေမယ့် ထိုကောင်လေးကို ဘုန်းစစ်ချစ်နေမိတာတော့ တဒိတ်ဒိတ်ခုန်နေတဲ့ နှလုံးသားလေးက ပြောနေသည်။

ရှင်းသန့်နဲ့နမ်းခဲ့စဉ် ခုန်နေခဲ့သော ပုံမှန်မဟုတ်တဲ့ နှလုံးသားက စည်းချက်က ရှင်းသန့်ကိုချစ်နေမိကြောင်း သက်သေပြနေတော့သည်။

Shower ကို ပိတ်လိုက်ပြီး တံပတ်ကိုခါးတွင်ပတ်ကာ ရေချိုးခန်းထဲမှ ဘုန်းစစ်ထွက်လာလိုက်သည်။

အဆီအနှစ် အရောင်အသွေးစုံလင်သော ဟင်းခွက်မျိုးစုံသည် စားပွဲပေါ်တွင် စားချင်စဖွယ်တည်ခင်းထားသည်။

မင်းခန့်မောင်နှင့် မြတ်နိုးကိုကိုတို့ စားသုံးနေသောညစာသည် အရသာမရှိလှ။

မိဘများနှင့်အတူ စားနေသော်လည်း စကားစမြည်မပြောဖြစ်ကြ။

"ခွမ်း...."

ကျကွဲသွားသော ရေဖန်ခွက်မှာကြမ်းပြင်ထက် အစိတ်စိတ်အမြွှာမြွာဖြစ်သွားသည်။

"ကွာရှင်းရအောင်...."

မြတ်နိုးကိုကို မတ်တပ်ထရပ်ပြီး ပြောလိုက်သောစကားမှာ ကွဲသွားသော ဖန်ခွက်နှင့်မတူ တင်းမာလွန်းသည်။

"ဘာ...."

"မင်းခန့်..မင်းခန့်.. ဘာဖြစ်တာလဲ...."

ထိုင်နေကျ အနက်ရောင်စက်ကြားများရှိသည့် အုတ်အဖြူရောင် နှစ်ယောက်ထိုင်ခုံလေးတွင် မင်းခန့်က ဇွဲပေါင်ပေါ် ခေါင်းတင်အိပ်ကာ ဒူးထောင်ထားသည်။

တခဏအိပ်မောကျသွားသော မင်းခန့်မောင် အိပ်မက်ထဲတွင် အနာဂတ်က မြတ်နိုးကိုကို ပါနေသည်။

မင်းခန့်ကို လှုပ်နှိုးလိုက်သော ဇွဲကို ကြည့်နေပြီးမှ ထထိုင်လိုက်သည်။

"အိပ်မက်ထဲမှာ...."

"အိပ်မက်ထဲမှာ ဘာဖြစ်လို့လဲ မင်းခန့်"

Past and Future Where stories live. Discover now