"သောက်ဆန်းကြီးကွာ ဟဟဟဟ....."

"ဟဟ.. ဘယ်လိုတောင်လဲ.."

ရယ်မောနေသော သူငယ်ချင်းအုပ်စုကို လက်ညှိုးဖြင့်ကာပြီး တိုးတိုးရယ်ရန် ဘုန်းစစ်သွေး ပြောရသည်။

ဟာသကားမို့ အသံအကျယ်ကြီးအော်ရယ်နေကြသော ပေါတောတောသူငယ်ချင်းများကြားတွင် ဘုန်းစစ်သွေးရှက်၍ တားရသည်။

သူ့မှာ the Whole King ပီပီ တည်ငြ်ိမ်သူအလား နေနေချိန်တွင် နေရာမရ၍ ကြည့်ချင်သောသရဲကားကိုမကြည့်ရပဲ ဟာသကားကိုလာကြည့်နေရခြင်းဖြစ်သည်။

သွန်းခတ်နွယ်နှင့် တစ်ရုံတည်းကျနေမှန်းတော့ နှစ်ယောက်လုံးမသိခဲ့။

သွန်းခတ်နွယ်ကိုသာ တစ်ချိန်လုံးကြည့်နေမိပြီး တင်ထားသောလက်နှစ်ဖက်မှာလည်း ခဏခဏတိုက်မိနေကြသည့်အပြင် ပေါက်ပေါက်ကိုလာစမ်းကြသော လက်နှစ်ဖက်မှာလည်း ထိမိစမြဲပင်ဖြစ်ခဲ့ကြသည်။

ရုပ်ရှင်ပြီးခါနီး မုန့်များကုန်သွားချိန်တွင် ပြန်ဆုံမိကြသော လက်ကို မြတ်နိုးကိုကိုဖမ်းဆွဲလိုက်သည်။

ဒီတစ်ခါတော့အလွတ်မပေးချင်တော့ဟန်ဖြင့် သွန်းလက်နုနုလေးများကို မြတ်နိုးကိုကို အမိအရဖမ်းဆုပ်လိုက်သည်။

ဇာတ်သိမ်းခါနီးမို့ဟာသအခန်းများကုန်သွားပြီး မင်းသားနှင့်မင်းသမီး အကြည်စိုက်နေကြသောအခန်းဖြစ်သည်။

တစ်ယောက်ကိုတစ်ယောက်ကြည့်နေကြပြီး နှုတ်ခမ်းများနီးကပ်လာသည်။

သွန်းလက်ကိုကိုင်ထားပြီး သွန်းမျက်နှာလေးကိုကြည့်နေရင်း မြတ်နိုးကိုကို တစ်ဖြည်းဖြည်းရှေ့တိုးလာသည်။

သွန်းလည်း ဘာလုပ်ရမှန်းမသိ ကြောင်ကြည့်နေမိချိန်တွင် နီးကပ်လာသော နှုတ်ခမ်းများကို မြတ်နိုးကိုကို ကြည့်နေသည်။

သွန်းလက်ကိုပို၍ တင်းကြပ်စွာဆုပ်ကိုင်ထားလိုက်ပြီး စောနကတည်းက စိတ်ထဲကပြစ်မှားမိခဲ့သော နှုတ်ခမ်းဖူးဖူးလေးအပေါ် ထပ်ချလိုက်သည်။

သွန်းနှုတ်ခမ်းများကိုဖိကပ်ပြီးနောက် အောက်နှုတ်ခမ်းလေးကို စုပ်ယူလိုက်သည်။

Past and Future Where stories live. Discover now