<22>

1.3K 81 5
                                    

စားသောက်ဆိုင်ထဲရှိ Toilet ထဲမှထွက်လာကြသော မြတ်နိုးကိုကိုနှင့် သွန်းခတ်နွယ်။

အရှေ့ကဦးဆောင်ထွက်လာသောမြတ်နိုးကိုကိုနောက်သို့ မဝံ့မရဲလိုက်လာသော သွန်းခတ်နွယ်မှာ ဂါဝန်အတိုလက်ပြတ်လေးနှင့် ပိုက်ဆံအိတ်သေးသေးလေးအား လွယ်ထားသည်။

"မင်းတို့ကလည်းကွာ...ကောင်းပါတယ် ဒီဆိုင်က..."

သူငယ်ချင်းတစ်သိုက်ကို မဲဆွဲစည်းရုံးလာသော ဘုန်းစစ်သွေး။

ဘုန်းစစ်သွေး ဦးဆောင်ခေါ်လာသောဆိုင်ထဲသို့ သူငယ်ချင်းအုပ်စုလိုက်ကြီး ဝင်လာကြသည်။

ဆိုင်အတွင်းထဲသို့ရောက်သောအခါတွင် သူငယ်ချင်းထဲမှတစ်ယောက်က သွန်းခတ်နွယ်အားတွေ့သွားသည်။

"ငဘုန်း.. ဟိုမှာ မင်းစော်မလား.."

လက်ညှိုးညွှန်ရာလှမ်းကြည့်လိုက်တော့ မှန်နေသည်နှင့် ဘုန်းစစ်သွေးပျော်သွားသည်။

တစ်ဝိုင်းတည်းထိုင်ရန်ပြင်မိသော်လည်း သူ့ဘေးမှ Tomboy နှင့်တူသောသူတစ်ယောက်ကိုတွေ့လိုက်ရ၍ လှုပ်ရှားမှုများရပ်တန့်သွားသည်။

"သူနဲ့လာတာ ဘယ်သူလဲကွ.. ဘောပြားလား...Hahaha..."

သူငယ်ချင်းအုပ်စုထဲမှပြောကာ ရယ်နေကြပေမယ့် ဘုန်းစစ်သွေးမှာ ပြုံးပင်မပြုံးနိုင်။

ဘယ်ကနေဘယ်လို ရောက်သွားမှန်းမသိသည့် ခြေလှမ်းများမှာ သွန်းရှိရာ စားပွဲသို့ရောက်နေပြီဖြစ်သည်။

မော့ကြည့်လာသော သွန်းမျက်ဝန်းများထဲတွင် ကြောက်ရိပ်များသန်းနေသည်။

ဘုန်းစစ်သွေးလက်သီးများဆုပ်ထားသည်။

သူငယ်ချင်းများ အဝေးမှလှမ်းကြည့်နေကြသည်။

"သွန်း.."

ကြောက်နေသောသွန်းကို တင်းမာစွာခေါ်လိုက်သည်။

ပြန်မထူးနိုင်ပဲကြောက်နေမိသောသွန်းမှာတော့ နှုတ်ဆိတ်နေဆဲပင်။

"သူကဘယ်သူလဲ..."

"မင်းကရော ဘယ်သူလဲ.."

မြတ်နိုးကိုကို ထိုင်ရာမှ ချက်ချင်းထလိုက်ပြီး ဘုန်းစစ်သွေးနှင့် မျက်နှာချင်းဆိုင်လိုက်သည်။

Past and Future Where stories live. Discover now