🐣34🐣

4.9K 579 39
                                    

🐷ငယ်​သူမို့မသိပါ🐷
💘HunHan💘

Hannieမနက်​နိုးလာ​တော့ စိတ်​ထဲမှာတစ်​ခုခုထူးခြား​နေတယ်​လို့ခံစား​နေရသည်​။ဘာဆိုတာ​တော့အတ်​အကျမသိ..

အိပ်​ယာကထပြီး ​ရေချိုးခန်းထဲဝင်​ကာ​ရေမိုးချိုးပီးပြန်​ထွက်​လာပီး ​လဲဖို့အင်္ကျီယူမယ်​လုပ်​​တော့ ခုံ​ပေါ်တင်​ထားတဲ့အင်္ကျီနဲ့​ဘောင်းဘီ..

"ဒါက ဘာလဲ?ဟင်​ မဟုတ်​မှ ဦးဆယ်​ထုတ်​​ပေးထားတာလား?"

ဖြစ်​နိုင်​သည်​။Hannieအင်္ကျီ​တွေကို​လျော်​ပီးအိမ်​ကအလုပ်​သမား​တွေကဘဲ ဗီရိုထဲထည့်​​ပေးခဲ့တာမလား?မသိမ်းမိဘဲကျန်​ခဲ့တဲ့အ၀တ်​လို့လဲထင်​စရာမရှိ..

Hannieထိုအင်္ကျီနဲ့​ဘောင်းဘီကိုဝတ်​လိုက်​သည်​။အ၀တ်​အစား​တွေလဲ နည်းနည်း​လေးပြင်​ဆင်​ပီး စာအုပ်​​တွေထည့်​မယ်​လုပ်​​တော့ စာအုပ်​​တွေကထည့်​ပီးသား..

Hannieအံ့သြသွားသည်​။ ဦးဆယ်​ထည့်​​ပေးထားတာလား?ဒီ​နေ့အချိန်​ဇယားအတိုင်းစာအုပ်​​တွေက ​အိတ်​ထဲမှာ​နေရာတကျ.. ပီး​တော့ ပိုက်​ဆံအနည်းငယ်​သာကျန်​​တော့တဲ့ပိုက်​ဆံအိတ်​​လေးကလဲ ​ဖောင်းကားလို့ မနည်းပိတ်​ထားရသည်​။Hannieပိုက်​ဆံမရှိ​တော့​ပေမဲ့ ဦးဆယ်​ကHannieကိုစိတ်​ဆိုး​နေတာမို့ ပိုက်​ဆံမ​တောင်းဘဲ ရှိတာ​လေးနဲ့ရ​အောင်​သုံး​နေခဲ့တာ..အခု​တော့ ဦးဆယ်​ထည့်​​ပေးထားတဲ့ပိုက်​ဆံ​တွေကအများကြီး..

ဒါဆို ဦးဆယ်​က Hannieကိုစိတ်​ဆိုး​ပြေသွားတာလား?Hannieကို ဦးဆယ်​စိတ်​မဆိုး​တော့ဘူးထင်​တယ်​.. Hannieကို ဦးဆယ်​စိတ်​ဆိုး​ပြေသွားပီဆိုတဲ့အ​တွေး​နဲ့တင်​ Hannieကို ဘာလို့​ပျော်​​စေတာလဲ?

Hannie​ကျောပိုးအိတ်​ကိုဆွဲယူကာ​အောက်​ထပ်​ကို​ပြေးဆင်းခဲ့သည်​။ထင်​တဲ့အတိုင်း ထမင်းစားခန်းမှာ မိသားစုလူစုံ​နေပီ.. ပီး​တော့..

"ဦးဆယ်​"

တ​ကိုယ်​ထဲကြားရုံအသံနဲ့ဝမ်းသာအားရ ​ရေရွတ်​မိသည်​။ဦးဆယ်​ တကယ်​ရှိ​နေတာဘဲ..

"သား Hannieလာ​လေ"

"Nae omma"

Hannieထမင်းစားပွဲမှာဝင်​ထိုင်​လိုက်​​ပေမဲ့ ဦးဆယ်​က​တော့​စွေ​တောင်​ကြည့်​မလာခဲ့ ထမင်းကိုသာငုံ့စား​နေသည်​။ဦးဆယ်​မျက်​နှာက အရယ်​အပြုံးမရှိ တည်​​နေ​ပေမဲ့ ကြည့်​​ကောင်း​နေတယ်​. Hannieဒီအိမ်​ကိုစ​ရောက်​​နေ့ ဦးဆယ်​ကိုစ​တွေ့တုန်းကပုံလို ဆံပင်​ကိုဂျယ်​နဲ့လှန်​ထားသည်​။ဦးဆယ်​ကအဲ့လိုဆံပင်​လှန်​ထားရင်​ အရမ်း​ချောတယ်​..

ငယ်သူမို့မသိပါ (Uni+Zawgyi) (Complete)Où les histoires vivent. Découvrez maintenant