🐣7🐣

5.9K 558 71
                                    

🍁ငယ်​သူမို့မသိပါ🍁
💕HunHan💕

"၀ါး ပျင်းတာကွာ"

Hannie​လေးတ​ယောက်​ထဲ ဧည့်​ခန်းကဆိုဖာခုံကြီးမှာထိုင်​ပီးပျင်း​နေတယ်​..

အိမ်​မှာလဲဘယ်​သူမှမရှိ.. ဦးဆယ်​ကလဲ​ဆေးရုံသွား.Chen hyungက ကုမ္ပဏီ.. Yeol appaနဲ့Baek omma တို့က သူတို့
အခန်းထဲမှာ ဘာလုပ်​​နေတာလဲ​တော့ Hannieလဲမသိ..

Xiu noonaအပြင်​သွား​တော့ Daeulကို​ပါ​ခေါ်သွား​တော့ Hannieတ​ယောက်​ထဲကစား​ဖော်​မရှိလို့ပျင်း​နေရတယ်​..

TV remoteကိုယူပီး TVကိုဖွင့်​ကြည့်​​တော့လဲ ဘာ​တွေလာလို့လာမှန်းမသိ.. ဇာတ်​ကား​တွေသာ.

"​ဘောပွဲ​လေးဘာ​လေး မလာဘူးကွာ.. "

TVကိုပိတ်​ကာ ​ရှေ့ကစားပွဲ​ပေါ် remoteကိုပစ်​ချပီး ဆိုဖာကြီးမှာလှဲအိပ်​ချလိုက်​သည်​။လက်​နှစ်​ဖက်​ကို ​ခေါင်း​အောက်​ထားပီးခုအိပ်​ကာ ဘာလုပ်​ရရင်​​ကောင်းမလဲစဉ်းစား​နေသည်​။

တွေးရင်း​တွေးရင်းနဲ့ အ​တွေးထဲမှာ သူသိချင်​​နေတဲ့အ​ကြောင်းအရာတခုက ​ခေါင်းထဲ​ပေါ်လာ​တော့ ချက်​ချင်းဘဲဆိုဖာကထကာ အိမ်​အပြင်​ကို​ပြေးထွက်​ခဲ့​တော့သည်​။

ဘယ်​သူမှမရှိတဲ့အချိန်​မှာလုပ်​တာမို့ ပိုအဆင်​​ပြေ​သည်​။ခြံထဲမှာလဲ မာလီဦး​လေးကြီးမရှိဘူး..

ခြေဗလာနဲ့ အိမ်​​ဘေးနားကို​ပြေး​တော့သည်​။
အိမ်​​ဘေးနားက သစ်​သားအိမ်​အဖြူ​လေးနား​ရောက်​​တော့ အရှိန်​ကို​လျော့ကာ ​ခြေဖွပီးကပ်​သွားလိုက်​သည်​။

ထိုသစ်​သားအိမ်​ထဲလှမ်းရိုး​တော့ သ​ကောင့်​သားကအိပ်​​နေတာ.. အိပ်​​နေတာလဲ​ကောင်းပါတယ်​ သူသိချင်​တာကို ​အေး​အေး​ဆေး​ဆေးကြည့်​လို့ရတာ​ပေါ့..

သစ်​သားအိမ်​​လေးနားကပ်​ပီး အ​ပေါက်​​လေးက​နေ မြင်​​နေရတဲ့​ခြေ၂​ချောင်းကို လက်​နှစ်​ဖက်​နဲ့ဆွဲယူလိုက်​သည်​။ပီး​နောက်​ ​ထို​ခြေ​ထောက်​နှစ်​ဖက်​ကို ဆွဲကားလိုက်​ပီး သူသိချင်​တာကိုစပ်​စု​တော့သည်​။

"ဟင်​ ၂လုံးထဲ"

"အိ..အိ အု"

အိပ်​​နေရင်း​ခြေ​ထောက်​က​နေဆွဲခံရပီး ​​ပေါင်​၂ဖက်​ပါကားယားကြီးနဲ့ ​ဇောက်​ထိုးကြီးဖြစ်​​နေသည့်​ViViမှာ လန့်​နိုးလာကာ အိ အုနဲ့​အော်​​တော့သည်​။

ငယ်သူမို့မသိပါ (Uni+Zawgyi) (Complete)Where stories live. Discover now