Unicode (4)

358 36 0
                                    

ငယ်သူမို့မသိပါ
HunHan

"ဟဲ့ ဒါဘာတွေတုန်း.. mimiရေ.. ကြမ်းတိုက်တာကိုပြောင်အောင်မတိုက်ဘူး ဒီကောင်မလေးနှယ်.. mimi"

"ရှင်. သူဌေးကတော်"

"အဲ့မှာ ကြမ်းပြင်ကအနီစက်တွေမြင်လား?ဆေးစက်တွေလားမသိဘူး သုတ်လိုက်ဦး"

"ဟုတ်ကဲ့"

ဧည့်ခန်းနဲ့လှေကားအတက်ထောင့်နားလေးမှာ အနီအကွက်တွေမြင်တော့ Baekကအလုပ်သမားလေးကိုပြန်ရှင်းခိုင်းသည်။အလုပ်သမားလေးမှာလဲ သူပြောင်အောင်တိုက်ထားပါရဲ့နဲ့ ဘယ်ကမှန်းမသိတဲ့ဆေးတွေက ဘယ်လိုရောက်လာလဲစဉ်းစားမရ..

Hannieကိုရိုက်ပီးမှ ပြန်တွေးမိတော့ ကျနော်လွန်သွားခဲ့တယ်.. တကယ်ဆို hannieက ကျနော့်သွေးသားမှမဟုတ်တာ ပါးစပ်ကပြောရင်ရနေတာဘဲ.. အိမ်ကိုခနလာတဲ့ဧည့်သည်ကို ကိုယ်ထိလက်ရောက်ရိုက်နှက်မိတာ ကျနော်မှားသွားတယ်..

စာလဲဖတ်ဖို့စိတ်မပါတော့တာနဲ့ အိမ်ထဲ၀င်ခဲ့တော့ မေမေကအလုပ်သမားလေးကိုခေါ်ခိုင်းနေတယ်.. ကျနော်ကြမ်းပြင်ကအနီစက်တွေကို အမှတ်တမဲ့လှမ်းကြည့်လိုက်ပေမဲ့ သွေးစက်လို့အဲ့တုန်းက မထင်ခဲ့ဘူး..

"သား ခြံထဲဆင်းပီးစာဖတ်မလို့ဆို"

"စိတ်မပါတော့လို့.. ဖေဖေရော မေမေ"

"အလုပ်ခန်းမှာထင်တယ်"

ဖေဖေ့အလုပ်ခန်းထဲ၀င်လာတော့ Chen hyungပါရှိနေသည်။

Chen hyungကလကုန်တိုင်း ၀င်​ေငွငေနဲ့ထွက်ငွေ.. ရသမျှကိုစာရင်းအတိအကျနဲ့ဖေဖေဆီပြန်အပ်တက်သည်။

"CEOကြီးက အခုထိပိုက်ဆံကို ကိုယ်တိုင်မသိမ်းသေးဘူးလားဗျ"

Chen hyungကိုစလိုက်တော့ရယ်တယ်..

"​အဲ့တာ ပြောတာသားရေ.. သားအကိုရိုးသားပုံတော့လက်ဖျားခါတယ်.. စာချုပ်စာတမ်းနဲ့ရာထူးလွှဲပေးထားတာတောင် ပြောမရဘူး"

"သားအပေါ်မှာ ဖေဖေတို့မိသားစုကျေးဇူးတွေအများကြီးပါ.. သားလို မိဘမဲ့..ဘာဂုဏ်မက်စရာမှမရှိတဲ့သူကို xiuနဲ့သဘောတူပီး ခမ်းခမ်းနားနားမင်္ဂလာဆောင်ပေးခ့ဲတာဘဲ သားအတွက်ကများနေပါပြီ.. ပြီးတော့ သားအပေါ်တစ်အိမ်လုံးက မိန်းမအိမ်ကပ်နေရတဲ့သူဆိုပီး မနှိမ်ခံဘဲ နွေးနွေးထွေးထွေးဆက်ဆံပေးလို့ ကျေးဇူးတင်ပါတယ်.. ယောက်ဖဆိုတာထက် အကိုလိုသဘောထားပေးတဲ့hunကိုလဲ hyungတကယ်ကျေးဇူးတင်ပါတယ်.. သားအပေါ်ဖေဖေအခွင့်အရေးတွေပေးတာကို သားလက်လွတ်စပယ်မယူချင်လို့ပါ"

ငယ်သူမို့မသိပါ (Uni+Zawgyi) (Complete)Where stories live. Discover now