🐣15🐣

5K 494 211
                                    

❦ ငယ်​သူမို့မသိပါ❦
😗HunHan😗

(အရမ်းဆွိမည်​..​ချောင်းဆိုး​ပျောက်​​ဆေးအရင်​ကြို​သောက်​ထားရန်​😜)

"Hunမင်းကမမိုက်​ဘူး..သစ္စာ​ဖောက်​​ကောင်​"

"​အေး​လေ နင်​ကအဲ့လို​တော့မလုပ်​သင့်​ဘူး.. အမြဲ​တွေ့​နေရတဲ့ငါတို့ကိုကျလျိုထားတာ"

ဘာလား?သူ့ရုံးခန်းထဲ​စော​စောစီးစီး​ရောက်​ချလာပီး အရင်းမရှိ အဖျားမရှိ​ပြော​နေတဲ့KaiSooလင်​မယား..

"​ပြောစမ်းပါဦး.. မင်းလုပ်​ပုံ​ကောင်း​သေးလားHun"

"​အေး​လေ"

လင်​က​ပြောတဲ့စကားကို မယားက​ထောက်​ခံ​ပေးသည်​။ဒီလင်​မယား​တော့ ​တွေ့ရာနဲ့​ကောက်​ထုခချင်​​နေပီ..

"မင်းတို့ဘာ​တွေလာ​ပြော​နေတာလဲ?.ငါတခုမှနားမလည်​ဘူးကွ..​လူနားလည်​​အောင်​​ပြော..မင်းတို့ဝက်​၀ံစကား..ပင်​ကွင်းစကား​တွေငါမသိဘူး"

"လဒ.. ​အေး မင်းကမသိချင်​​ယောင်​​ဆောင်​​နေ​တော့လဲ​ ငါကဘဲအစ​ဖော်​​ပေးရမှာ​ပေါ့ကွာ"

အံမယ်​ပုံစံကိုက ရှား​လော့ဟုမ်းပုံနဲ့..

"မင်းမှာချစ်​သူရှိ​နေတာကို ဘာလို့ငါတို့ကိုမ​ပြောပြတာလဲ?​ဆေးရုံတခုထဲ တစ်​ဌာနထဲအတူတူလုပ်​​နေပီး ငါကမသိရဘူး...တခါတ​လေမှ​တွေ့ရတဲ့Kwang Minကျသိတယ်​.. သူ​ပြောပြမှငါသိရတာ​ကောင်းလား?"

"​အေး​လေHunရယ်​.. တကယ်​ဆို နင့်​ချစ်​သူရှိတာအရိပ်​အမြွက်​​လောက်​​တော့​ပြောပြသင့်​တယ်​..အခု​တော့ ငါတို့ကိုနင်​ကတမင်​လျိုထားတာမလား"

"မဟုတ်​ပါဘူးကွာ.. ငါတို့ကုမ္ပဏီနှစ်​ပတ်​လည်​အတွက်​ Kwang Minဟိုတယ်​သွားတာ..အဲ့မှာKwang Minနဲ့စုံတာကွ.. ငါတမင်​သူ့ကိုသွား​ပြောပြတာမဟုတ်​ဘူး.. "

"Kwang Min​ပြောတာ မင်းချစ်​သူက​ကောင်​​လေးဆို.. အသက်​ကလဲ​တော်​​တော်​ငယ်​​သေးတာတဲ့"

"အင်း.. ငါ့ထက်​၁၀နှစ်​ငယ်​တယ်​"

"ဟင်​.. Hunမင်းဒီအရွယ်​ထိရည်းစားမရလို့ လူအထင်​ကြီး​အောင်​က​လေးကိုစပွန်​ဆာ​ပေးပီးတွဲ​နေတာလား?"

ငယ်သူမို့မသိပါ (Uni+Zawgyi) (Complete)Where stories live. Discover now