Unicode (23)

105 7 0
                                    

ငယ်သူမို့မသိပါ
HunHan

"ဦးဆယ် ဦးဆယ် ထတော့.. ဦးဆယ် ထတော့ဆိုနေ"

ညက Hannieနဲ့တစ်ခန်းထဲအိပ်နေရတယ်ဆိုတဲ့အသိရော.. အိပ်ယာအပြောင်းအလဲကြောင့်ရောနဲ့ Sehunတော်တော်န့ဲအိပ်မရ.. မိုးလင်းခံနီးမှသာအိပ်ပျော်သွားသည်မို့ မနက်လင်းတော့မထနိုင်တော့..

အောင်မြင်လှတ့ဲHannieအော်သံကြောင့် Sehunနိုးနေပါသော်လဲ မျက်လုံးကဖွင့်မရ.. မျက်ခွံတွေအရမ်းလေးပီးအိပ်ရေးမ၀သေး..

"ဦးဆယ် ထပါဆိုဗျာ"

"အင်း.. ကိုယ် အိပ်ရေးမ၀သေးဘူး"

ပြောပြီး တဖက်သို့လှည့်သွားကာထပ်အိပ်သွားပြန်သည်။

"မရဘူး.. ထတော့ တအိမ်လုံးနိုးနေပြီ.. ခနနေကျရင် papaကလယ်ထဲသွားတော့မှာ.. yeol appaတို့လဲရွာထဲလျှောက်လည်မှာမို့ Hannieကလိုက်ပို့ရမှာ.. အိမိမှာဦးဆယ်တယောက်ထဲကျန်ခ့ဲမှာနော်.. ဦးဆယ်လို့"

Hannieပါးစပ်ကလဲပြော..Sehunလက်မောင်းကိုကိုင်လှုပ်ကာဆက်တိုက်ပြောနေတော့ Sehunအိပ်မရတော့ ငုတ်တုတ်ထထိုင်လိုက်ရသည်။မျက်လုံးကတော့ မဖွင့်ချင်သေး..

အိပ်ချင်မူးတူးထပြီး မျက်နှာသစ်လိုက်တော့ အိပ်ချင်စိတ်ပြေသွားသည်။မျက်နှာသစ်ပြီး မနက်စာထိုင်၀င်စားလိုက်သည်။

"သားငယ် ခနနေရင်ရေချိုးလိုက်.. ပီးရင် ရွာထဲကိုလည်က်တာပေါ့"

"ဟုတ်မေမေ"

Hannieကတော့ သူ့papa လယ်ထဲဆင်းဖို့အတွက်ပြင်ဆင်ပေးနေသည်။ခြံထဲလဲရှင်းစရာရှိတာရှင်းနေရသည်။အမှိူက်လဲပီး အမှိုက်ပုံတွေထိုင်ကျုံးနေတ့ဲHannieကို Sehunထိုင်ကြည့်နေသည်။သူတို့အိမ်မွာ Daeulဲနဲ့အတူမျောက်ရူံးအောင်ဆောဲ့ခဲ့တ့ဲ Hannieန့ဲလားလားမှမဆိုင်..

"သားသား.. papaသွားပြီ.. yeol appaတို့ကို သားသားသေချာဂရုစိုက်ပီးလိုက်ပို့လိုက်.. "

"ဟုတ် papa"

"သားရေချိုးထားနှင့်လိုက်လေ.."

"ရပါတယ်mama.. သား ကလေးကိုစောင့်လိုက်ဦးမယ်"

ရေတခါအတူချိုးပီးတာနဲ့ နောက်ထပ်ရေအတူချိုးချင်နေပါသောSehun..

ငယ်သူမို့မသိပါ (Uni+Zawgyi) (Complete)Where stories live. Discover now