🐣22🐣

4.2K 464 14
                                    

🍄ငယ်​သူမို့မသိပါ🍄
🌞HunHan🌞

"Hannie​ရေ.. Hannie"

ခြံဝက​ခေါ်သံတစ်​ခု..

Hannieခြံထဲမှာ ပန်းပင်​အသစ်​​တွေစိုက်​​နေတုန်း ​ခေါ်သံ​ကြောင့်​​ခေါင်း​မော့ကြည့်​​တော့ Wendyနဲ့Joy.. Wendyနဲ့Joyက ရွာမှာအလှဆုံး​ကောင်​မ​လေးနှစ်​​ယောက်​ဖြစ်​သလို Hannieရဲ့ငယ်​သူငယ်​ချင်း​တွေ..

"Hannie"

"ငါ ဒီမှာ..အာပြဲကြီးနဲ့​အော်​မ​နေနဲ့ Wendyမ"

"နင်​ကအသံ​လေးဘာ​လေး​ပေးပါလား?မကြားဘူးမှတ်​လို့​အော်​ရတာ​ပေါ့ဟဲ့"

"ဘာလာလုပ်​တာလဲ?"

"မြို့ကအပြန်​ ငါတို့၂​ယောက်​အတွက်​ဘာလက်​​ဆောင်​ပါလဲလာ​မေးတာ"

"ဘာမှမပါဘူး..ငါက​ကျောင်းသွားတက်​တာ ​အ​ပျော်​ခရီးသွားတာမဟုတ်​ဘူး"

"ဟွန့်​​ကောင်​စုတ်​.. နည်းနည်းမှအားကိုးလို့မရဘူး"

"Joyမနင်​ကငါ့ကိုအားကိုးချင်​တာလား?စကားထဲကဇာတိပြလာပီ.. နင်​ဘယ်​ချိန်​ကထဲက ငါ့ကိုကြိတ်​ကြံ​နေတာလဲ?"

"​အော့.. ရွံစရာ​တွေလာ​ပြော​နေ.. နင့်​ကိုများကြံရဦးမယ်​.. ​ပြောရဲဆိုရဲလိုက်​တာ"

"​အေး​လေ နင့်​သူငယ်​ချင်းဘဲ ဒီ​လောက်​​တော့ရှိမှာ​ပေါ့"

Hannieစကား​ကြောင့်​ Hannieအား Joyထု​တော့သည်​။

"Yarrr.. လက်​ကြမ်းကြီးနဲ့လာထုမ​နေနဲ့.. ငါ့အသားနုနု​လေးပဲ့သွားမယ်​"

"ပဲ့ရုံတင်​မဟုတ်​ဘူး.. ပြာပါကျရမှာ"

"ငါအဲ့လိုဖြစ်​သွားရင်​ နင်​တို့အသည်းထိုင်​ကွဲမ​နေနဲ့​နော်​"

"ကျွတ်​ ကျွတ်​ ကျွတ်​.. Xiao Hannieတ​ယောက်​ မြို့တက်​ပီး​ကျောင်း​လေးသွားတက်​ရပါတယ်​..ဘ၀င်​ရူး​ရောဂါပါပါလာပီ.. Joy ငါတို့ပါကူးကုန်​မယ်​ဟ"

"ဒီကoppaက.. မြို့က၀ယ်​လာတဲ့မုန့်​​တွေ​ကျွေးမလို့စဉ်းစား​နေတာကို အခုလိုဆို​တော့မ​ကျွေး​တော့ဘူး စိတ်​​ပြောင်းသွားပီ"

Hannie​ပြော​တော့ Wendyနဲ့Joyတို့ပြုံးသွားသည်​။မုန့်​​ကျွေးမယ်​ဆိုလို့..

ငယ်သူမို့မသိပါ (Uni+Zawgyi) (Complete)Where stories live. Discover now