🐣39🐣 💙1220 HunHan Day💙

6K 587 107
                                    

🎄ငယ်​သူမို့မသိပါ🎄
🍄HunHan🍄

ည..
ညဦးပိုင်းအချိန်​ ၉နာရီထိုးလုပီ..
မြို့ပြကြီး​တွေသာ ​စောတဲ့အချိန်​ဆို​ပေမဲ့ ရွာ​တွေမှာ​တော့ အရမ်းမိုးချုပ်​​နေ​လေပီ..

အချို့အိမ်​​တွေဆို အိပ်​ရာဝင်​လို့တိတ်​ဆိတ်​​နေကျပီ.. Hannieတို့အိမ်​မှာ​တော့ အိမ်​​ရှေ့ကွပ်​ပျစ်​မှာလူကြီး​တွေစကားထိုင်​​ပြော​နေပြီး အိမ်​ထဲမှာ​တော့ Hannieနဲ့Daeulက ဇာတ်​ကားကြည့်​​နေကျသည်​။

Daeul​လေးက TVကြည့်​ရင်း Hannie​ပေါင်​​ပေါ်မှာအိပ်​​ပျော်​သွားခဲ့သည်​။

"​မောင်​ သားသားကိုသွားကြည့်​ဦး အိပ်​​နေပီထင်​တယ်​"

ခြံထဲမှာစကား​ကောင်း​နေတုန်း Xiuသတိရပီး Chenကို​ပြော​တော့ Chenချက်​ချင်းထကာအိမ်​​​ပေါ်တက်​ပီး ဧည့်​ခန်းမှာTVကြည့်​​နေတဲ့Hannieတို့ဆီသွားလိုက်​သည်​။

"​ဟော သားသားအိပ်​​နေပီဘဲ.. Hannieက hyungတို့ကိုလှမ်းမ​ခေါ်ဘဲနဲ့.. သားသားအိပ်​​နေတာကြာပီလား?"

"ကြာပီ.. Hannieလဲအိပ်​ပါ​စေဆိုပီး ထားထားတာ. "

Chenက Hannie​ပေါင်​​ပေါ်ကသူ့သားကို​ပွေ့ချီလိုက်​သည်​။

"Xiu. သားသားအိပ်​​နေပီ"

"ဟုတ်​ ​မောင်​ Xiuလာပီ.. "

Xiuက စကားဝိုင်းက​နေထသွားသည်​။

"သားငယ်​လဲအိပ်​​တော့​လေ ​မေ​မေတို့လဲဝင်​​တော့မှာ"

"ဟုတ်​​မေ​မေဒါဆို သားဝင်​ပီ"

ရေ​နွေးကြမ်း​သောက်​ရင်းစကား​ပြောအပီး တိတ်​ဆိတ်​လာသည်​မို့ ညဉ်​ငှက်​​အော်​သံ​တွေပင်​ကြား​နေရသည်​။ထို့​နောက်​ လူကြီး​တွေပါထကာ အိမ်​ထဲဝင်​ခဲ့​တော့သည်​။

"သားသား အိပ်​​တော့​လေ.. "

"Hannieမအိပ်​ချင်​​သေးဘူးmama"

Hannie TVဆက်​ကြည့်​​နေလိုက်​သည်​။

"သားhunအိပ်​ချင်​​နေပီ​လေ သားသားရယ်​.. ၀င်​အိပ်​​တော့ မိုးချုပ်​​နေပီ"

"mamaကလဲ ဦးဆယ်​အိပ်​ချင်​တာ Hannieအိပ်​ချင်​တာမှမဟုတ်​တာ.. ဦးဆယ်​အိပ်​ချင်​၀င်​အိပ်​နှင့်​​နော်​ ဒီမှာဇာတ်​ကားက​ကောင်း​နေပီ"

ငယ်သူမို့မသိပါ (Uni+Zawgyi) (Complete)Место, где живут истории. Откройте их для себя