🐣11🐣

5.9K 593 81
                                    

👶ငယ်​သူမို့မသိပါ👶
🌺HunHan🌺

"Hannie မင်းနဲ့သူငယ်​ချင်းဖြစ်​ရတာ​လေ ဘယ်​​နေ့​ရုံးခန်း​ရောက်​မယ်​မသိဘူး..တီချယ်​Hyoyeon​ပေးထားတဲ့ အ​မွှေစိန်​ဆိုတဲ့နာမည်​နဲ့မင်းကလိုက်​တယ်​သိလား?"

"ငါကို တီချယ်​​တွေသတိထားပီး မှတ်​မိသွား​အောင်​လုပ်​တာပါကွ"

"အံ့သြပါ့..ဘူးရင်​ဘူးတယ်​​ပေါ့.အပျိုမှန်းမသိ ဘာမှန်းမသိနဲ့..လူကြည့်​​တော့ က​လေးလိုလို ​ခွေးလိုလိုနဲ့ နှာ​ခေါင်းက လူဝံကြီး"

Layသည်​ Yoonaနဲ့မိတ်​ဆက်​တဲ့ကိစ္စနဲ့ပတ်​သက်​ပီး Hannieအားမ​ကျေနပ်​ဖြစ်​ကာ ပိုးစိုးပက်​စက်​ဖဲ့​တော့သည်​။

"Lay.. Xiao Hannieကရုပ်​​ချောတယ်​..​ယောကျာ်းပီသတယ်​.. ​အေး ရုပ်​​ချောတယ်​ဆိုပီး ရန်​မဖြစ်​တက်​ဘူးထင်​​နေလား?မင်းရဲ့အမြဲ​မှောက်​​နေတဲ့မျက်​ခွံ​တွေကို ပွင့်​မလာ​အောင်​ ငါ့လက်​သီးက လုပ်​​ပေးမှာ​နော်​"

"​အောင်​မာ. မင်းတ​ယောက်​ထဲတက်​တာလား?
ငါလဲတက်​တယ်​ ဒီမှာကြည့်​"

Layက လက်​နှစ်​ဖက်​ကို​ဘေးကားကာ ​ခြေတဖက်​​မြှောက်​ပြသည်​။ဂျက်​ကီချန်းသိုင်းချ​တော့မလိုပုံနဲ့..

"အဲ့တာဘာလဲ?"

Hannieက ခါး​ထောက်​ကာ ​မေး​ငေါ့​မေးလိုက်​​တော့..

"ဂျက်​ကီချန်းသိုင်းကွက်​​လေ.. Lay YiXingကိုအထင်​မ​သေးနဲ့.. အရက်​မူးသိုင်း ​မြွေသိုင်း​ အကုန်​တက်​တယ်​.. ဂျက်​ကီချန်းကား​တွေကြည့်​ထားတာ အလကားမဟုတ်​ဘူး"

"သိတယ်​​လေ ပိုက်​ဆံ​ပေးပီးဝယ်​ကြည့်​ရတာမလား?"

"​အေး တစ်​​ခွေ ၅၀၀၀​ပေးရ..Yarrr သိုင်းကား​တွေကြည့်​တာအလကားမဟုတ်​ဘူး.. ရန်​သူကိုပြန်​တုံ့ပြန်​နိုင်​​အောင်​ ရှင်းလား?Lay YiXing မ​ကြောက်​တက်​လို့ Chinaက​နေ Koreaကို တ​ယောက်​ထဲ​ကျောင်းလာတက်​တာကွ.. ​ပေါ့​သေး​သေးမဟုတ်​ဘူး.. ​ပေါ့ကြီးကြီးကွ"

"​အေးကွ Lay မင်းရဲ့သိုင်းကွက်​​လေးပြန်​ပြစမ်းပါ.. ငါအဲ့လိုကား​တွေမကြည့်​ဖူး​တော့ မမြင်​ဖူးလို့"

ငယ်သူမို့မသိပါ (Uni+Zawgyi) (Complete)Where stories live. Discover now