Unicode (11)

180 14 0
                                    

ငယ်သူမို့မသိပါ
HunHan

"Hannie မင်း​​နဲ့သူငယ်ချင်းဖြစ်ရတာလေ ဘယ်နေ့ရုံးခန်းရောက်မယ်မသိဘူး..တီချယ်Hyoyeonပေးထားတဲ့ အမွှေစိန်ဆိုတဲ့နာမည်နဲ့မင်းကလိုက်တယ်သိလား?"

"ငါကို တီချယ်တွေသတိထားပြီး မှတ်မိသွားအောင်လုပ်တာပါကွ"

"အံ့သြပါ့..ဘူးရင်ဘူးတယ်ပေါ့.အပျိုမှန်းမသိ ဘာမှန်းမသိနဲ့..လူကြည့်တော့ ကလေးလိုလို ခွေးလိုလိုနဲ့ နှာခေါင်းက လူဝံကြီး"

Layသည် Yoonaနဲ့မိတ်ဆက်တဲ့ကိစ္စနဲ့ပတ်သက်ပီး Hannieအားမကျေနပ်ဖြစ်ကာ ပိုးစိုးပက်စက်ဖဲ့တော့သည်။

"Lay.. Xiao Hannieကရုပ်ချောတယ်..ယောကျာ်းပီသတယ်.. အေး ရုပ်ချောတယ်ဆိုပီး ရန်မဖြစ်တက်ဘူးထင်နေလား?မင်းရဲ့အမြဲမှောက်နေတဲ့မျက်ခွံတွေကို ပွင့်မလာအောင် ငါ့လက်သီးက လုပ်ပေးမှာနော်"

"အောင်မာ. မင်းတယောက်ထဲတက်တာလား?
ငါလဲတက်တယ် ဒီမှာကြည့်"

Layက လက်နှစ်ဖက်ကိုဘေးကားကာ ခြေတဖက်မြှောက်ပြသည်။ဂျက်ကီချန်းသိုင်ဲးချတော့မလိုပုံနဲ့..

"အဲ့တာဘာလဲ?"

Hannieက ခါးထောက်ကာ မေးငေါ့မေးလိုက်တော့..

"ဂျက်ကီချန်းသိုင်းကွက်လေ.. Lay YiXingကိုအထင်မသေးနဲ့.. အရက်မူးသိုင်း မြွေသိုင်း အကုန်တက်တယ်.. ဂျက်ကီချန်းကားတွေကြည့်ထားတာ အလကားမဟုတ်ဘူး"

"သိတယ်လေ ပိုက်ဆံပေးပီး၀ယ်ကြည့်ရတာမလား?"

"အေး တစ်ခွေ ၅၀၀၀ပေးရ..Yarrr သိုင်းကားတွေကြည့်တာအလကားမဟုတ်ဘူး.. ရန်သူကိုပြန်တုံ့ပြန်နိုင်အောင် ရှင်းလား?Lay YiXing မကြောက်တက်လို့ Chinaကနေ Koreaကို တယောက်ထဲကျောင်းလာတက်တာကြ.. ပေါ့သေးသေးမဟုတ်ဘူး.. ပေါ့ကြီးကြီးကွ"

"အေးကွ Lay မင်းရဲ့သိုင်းကွက်လေးပြန်ပြစမ်းပါ.. ငါအဲ့လိုကားတွေမကြည့်ဖူးတော့ မမြင်ဖူးလို့"

Hannieမြှောက်ပေးလိုက်သည်ကို တကယ်ထင်တဲ့Lay လက်ကားယား ခြေကားယားနဲ့သိုင်းချပြနေသည်။

"Jun မင်းမမြင်ဖူးရင်ကြည့်ထား.. အဲ့မှာ ငလျင်ဒဏ်မိပီး မိုးကြိုးပစ်ခံထားရတဲ့ အာဖရိကမျောက်ကြီး ဆပ်ကပြနေတာ"

ငယ်သူမို့မသိပါ (Uni+Zawgyi) (Complete)Where stories live. Discover now