🐣18🐣

4.3K 516 75
                                    

🍁ငယ်​သူမို့မသိပါ🍁
😚HunHan😚

Sehunထွက်​သွား​တော့ Hannieချိုင့်​​တွေပြန်​ဆင့်​ကာ ခြင်းထဲထည့်​သိမ်းလိုက်​သည်​။ခြင်း​ထဲသိမ်းပီးပြန်​အလှည့်​..

"အား အ​မေ့"

နောက်​က​နေ​တောင့်​​တောင့်​ကြီးလာရပ်​​နေတဲ့Kris​ကြောင့်​ Hannieမှာလန့်​သွားရကာ ဖင်​ထိုင်​ရက်​ပြုတ်​ကျသည်​။

Hannieအထိတ်​တလန့်​ဖြစ်​သွားတဲ့ပုံကို Krisကစူးစူးစိုက်​စိုက်​ကြည့်​ပီး..

"ဘာလို့သရဲကို​တွေ့သလို လန့်​သွားရတာလဲ?"

"ကိုကိုကအသံမ​ပေးဘာမ​ပေးနဲ့ရပ်​​နေတာကိုး..ရုတ်​တရက်​ကြီးမြင်​​တော့လန့်​တာ​ပေါ့.. ဘယ်သူမဆို ရုတ်​တရက်​ဆိုလန့်​ကျတာဘဲ သရဲကို​တွေ့မှမဟုတ်​ဘူး..အကိတ်​နဲ့​နတ်​သမီးကိုမြင်​ရင်​လဲလန့်​မှာဘဲ"

"ထားပါ​တော့"

"ကိုကိုအခုမှ​ရောက်​တာလား?Layနဲ့Junကမလာ​သေးတာလား?အတန်းထဲအရင်​သွားနှင့်​ပီလားမသိဘူး"

"ကိုကိုက​ရောက်​တာကြာပီ.. ကြည်​နူးစရာအတွဲ​လေးကိုမြင်​လို့ရပ်​ကြည့်​​နေတာ"

"ဟုတ်​လား?ဘယ်​လို​လေးလဲဟင်​ကိုကို"

"​မုန့်​ခွန့်​​ကျွေး​နေတာ​လေ.. ​ရေ​သောက်​ပီးလို့ကျန်​​နေတဲ့​ရေစက်​​တောင်​လက်​​လေးနဲ့သုတ်​​ပေးလိုက်​​သေးတယ်​.. ရိုတယ်​​နော်​"

ကိုကို​ပြော​နေတာ Hannieနဲ့ဦးဆယ်​ကိုဘဲ.

"ကိုကို​နော်​..ဘာအတွဲလဲ.. Hannieတို့ကရိုးရိုးသားသားပါ..Hannie​ကြောင့်​ ဦးဆယ်​မနက်​စာလွှတ်​သွားလို့ Hannieထမင်းဘူးထဲက​နေ နည်းနည်းဘဲဗိုက်​ပြည့်​ပြည့်​ဆိုပီး​ကျွေး​နေတာ"

"Xiao​လေးတို့ကရိုးရိုးသားသား​ပေမဲ့ ပတ်​၀န်းကျင်​ကလူ​တွေက​တော့ရိုးရိုးသားသားလို့်​မမြင်​ဘူး​လေ.. လူများတဲ့​ကျောင်း​၀န်းထဲမှာ​တော့အ​နေအထိုင်​ဆင်​ခြင်​သင့်​တယ်​"

"ကိုကို!! အ​နေအထိုင်​ဆင်​ခြင်​ပါ​ပြောရ​အောင်​ Hannieတို့ကမဖွယ်​မရာလုပ်​​နေတာမဟုတ်​ဘူး.. ဦးဆယ်​နဲ့Hannieကရိုးရိုးသားသားပါလို့ ကိုကိုကို့​ပြောပီးသား​နော်​"

ငယ်သူမို့မသိပါ (Uni+Zawgyi) (Complete)Onde histórias criam vida. Descubra agora