Unicode (17)

268 15 3
                                    

ငယ်သူမို့မသိပါ
HunHan

တနေကုန်ဖုန်းဆက်တော့လဲမကိုင်..
ကျောင်းလဲမလာတဲ့ Hannieကြောင့် Krisစိတ်တွေပူကာနေလို့ထိုင်လို့မရ..

စိတ်နဲ့လူနဲ့မကပ်သလို.. photo shotingမှာတောင်အမှားမှားအယွင်းယွင်းနဲ့ဖြစ်ခဲ့လေသည်။

နောက်ဆုံးဘယ်လိုမနေနိုင်သည့်အဆုံး သူ့ကားလေးက Parkအိမ်တော်ခြံရှေ့ရောက်လာတော့သည်။

Xiaoလေးများထွက်လာမလားဆိုဲတဲ့စိတ်နဲ့ ကားထဲကနေကြည့်သော်လဲအရိပ်အယောင်တောင်မမြင်ရ.. ဒီလိုနဲ့အချိန်တွေကုန်လာပီး မှောင်ရီပျိုးကာ တိတ်ဆိတ်တဲ့အချိန်ရောက်လာခဲ့သည်။

Xiaoလေးမျက်နှာကိုခနလေးဖြစ်ဖြစ် သူမြင်ချင်သည်။ဒီနေ့မမြင်ရရင် အိပ်လို့ပျော်မည်မဟုတ်.. ကားထဲကထွက်ကာ ခြံထဲကိုလှမ်းကြည့်လိုက်သည်။အခြေအနေတိတ်ဆိတ်ငြိမ်သက်လို့ လူတယောက်မှမမြင်ရ..

လူ၀င်ပေါက်နားကအသီးပင်က သစ်ကိုင်းတခုကခြံပြင်ကိုကိုင်းက်နေသည်က သူ့အတွက်ကံကောင်းသည်.. အရပ်ရှည်သူတယောက်မို့ ထိုအကိုင်းကိုလက်နဲ့လှမ်းဆွဲခိုကာတွယ်တက်လိုက်သည်။

ထိုအကိုင်းကတဆင့် ဆင်းလာပြီးအပင်အောက်ခုန်ချတော့ ခြံထဲကိုလျောလျောရူရူရောက်သွားသည်။

လူအရိပ်အခြေကြည့်ပီး ဟိုအပင်ပြေးကပ် သည်အပင်ပြေးကပ်နဲ့ခိုးကြောင်ခိုး၀ှက်ပုံက အိမ်ဖောက်မဲ့သူခိုးလို.. အိမ်ကြီးနားရောက်တော့ အိမ်ကိုမော့ကြည့်လိုက်သည်။အခန်းတခန်းသာမီးလင်းနေသည်။

Xiaoလေးအခန်းလား?Xiaoလေးက အပေါ်ထပ်မှာနေဖို့များတယ်.. လူကြီးတွေ အိမ်ထောင်သည်တွေတော်တော်များများက အောက်ထပ်​မှာဘဲနေကျတာများတယ်လေ..

Krisသူရပ်နေတဲ့အခန်းက လိုက်ကာလေးလွှင့်သွားတော့ မြင်လိုက်ရသည်က Mr.Parkတို့လင်မယားရဲ့kiss sence.. Krisမျက်လုံးတွေပြူးသွားကာ ကျောပေးလိုက်သည်။

"Chanyeol arjushiတို့ကတော့ လန်းတုန်းဘဲ.. ဟဟ.. ဟာ Xiaoလေး"

သူများအကြောင်းအတင်းပြောပီးမှ သတိရသွားသည်ကXiaoလေး.. ဟိုကြည့်သည်ကြည့်နဲ့လိုက်ကြည့်တော့ တွယ်တက်စရာနေရာတွေ့သည်။

ငယ်သူမို့မသိပါ (Uni+Zawgyi) (Complete)Unde poveștirile trăiesc. Descoperă acum